Disney က ရွေးချယ်ခဲ့ပြီဖြစ်တဲ့ ရေသူမလေး...

နောက်ဆုံးတော့ Disney က ရေသူမလေး Ariel အဖြစ်သရုပ်ဆောင်မယ့်သူကိုရွေးချယ်ခဲ့ပါပြီ။

Disney က ပြန်လည်အသက်သွင်းရိုက်ကူးမယ့် live action "The Little Mermaid" ဇာတ်ကားမှာ Ariel အဖြစ်ပါဝင်သရုပ်ဆောင်ဖို့ကို ဒါရိုက်တာ Rob Marshall က အသက် ၁၉ နှစ်အရွယ် အမေရိကန်အဆိုတော်မလေး Halle Bailey ကိုရွေးချယ်ခဲ့တာပဲဖြစ်ပါတယ်။

Rob Marshall က "သေချာရွေးချယ်စိစစ်ပြီးတဲ့နောက်မှာ Halle ဟာ ဒီ Ariel ဇာတ်ရုပ်နဲ့အံဝင်ခွင်ကျဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းတွေဖြစ်တဲ့ ထူးခြားကောင်းမွန်လွန်းတဲ့အသံ၊ငယ်ရွယ်မှု၊ရိုးသားဖြူစင်တဲ့စိတ်နှလုံးသားစတဲ့အရာတွေအားလုံးကို ပိုင်ဆိုင်ထားကြောင်းတွေ့ရှိခဲ့ရပါတယ်"လို့ပြောခဲ့ပါတယ်။Halle Bailey ကလည်း သူမရဲ့တွစ်တာမှာ ရေသူမလေးပုံကိုတင်ထားပြီး အိပ်မက်တွေတကယ်ဖြစ်လာပြီဆိုတဲ့စာလေးနဲ့ သူမရဲ့ ပရိသတ်တွေကို သတင်းကောင်းလေးမျှဝေခဲ့ပါတယ်။

သူမကို Ariel အဖြစ်ရွေးချယ်တာနဲ့ပတ်သက်ပြီး ဇာတ်ကောင်နဲ့မလိုက်ဖက်တဲ့အသွင်အပြင်လို့ တစ်ချို့က ဝေဖန်ထားကြပေမဲ့ ပရိသတ်အများစုကတော့ သူမကို ရေသူမလေးအဖြစ်ဘယ်လိုသရုပ်ဆောင်မှုတွေမြင်တွေ့ရမလဲဆိုတာ စိတ်လှုပ်ရှားစွာစောင့်မျှော်နေကြပါတယ်။The Little Mermaid ကို ၂၀၂၀ မှာစတင်ရိုက်ကူးဖို့ စီစဉ်ထားကြတယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations