သိပ်လှနေတဲ့ ရွှေကစ်လေး

ပရိသတ်အားပေးမှုတွေတခဲနက်ရရှိဦးမယ့် အလွမ်းအဆွေးရသမျိုးစုံပါဝင်တဲ့ ဒဏ္ဏာရီမိုးရုပ်ရှင်ဇာတ်ကားကြီး Red Carpet ကိုပြီးခဲ့တဲ့ဇူလိုင် ၃ရက်နေ့က ကျင်းပခဲ့ကြပါတယ်။

Photo Credit:Wutt Hmone Shwe Yi's fb page

Photo Credit:Wutt Hmone Shwe Yi's fb page

ဒဏ္ဏာရီမိုးဇာတ်ကားကြီးမှာဆိုရင် ပရိသတ်အားပေးမှုတွေအပြည့်အ၀ရရှိထားတဲ့သရုပ်ဆောင်ရဲတိုက်၊ဒေါင်း၊ရွှေထူးနဲ့ မင်းသမီးချောလေး ၀တ်မှုန်ရွှေရည်တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ Hearty Heart ပစ္စည်းသစ်မိတ်ဆက်ပွဲမှာ ချစ်စရာပုံစံလေးနဲ့အရုပ်မလေးသဖွယ်မြင်တွေ့ခဲ့ရတဲ့ ၀တ်မှုန်ရွှေရည်ဟာ ဇူလိုင် ၃ရက်နေ့က Red Carpet Show ကိုတော့ ဆွဲဆောင်မှုရှိလှတဲ့ဂါဝန်ရှည်လေးနဲ့ပွဲတက်လာခဲ့ပါတယ်။ရွှေကစ်လေးဟာဆိုရင် ဘယ်လိုဖက်ရှင်ပုံစံမျိုးနဲ့မဆို လိုက်ဖက်လှပလွန်းသူလေးဖြစ်ပြီး သူမရဲ့ ပုံလှလှလေးတွေဟာလည်း ပရိသတ်တွေ Share မဆုံးဖြစ်နေကြတာပါ။

ဒဏ္ဏာရီမိုးရဲ့မင်းသမီးလေး ရွှေကစ် (မိုးနှောင်း) ရဲ့ လှပလွန်းတဲ့ပုံရိပ်တွေနဲ့အတူ Trailer လေး ပရိသတ်ကြီးအတွက်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations