လက်ချင်းတွဲထားတဲ့ပုံလေးတွေပျံ့နှံ့...

နာမည်ကျော်အဆိုတော်နှစ်ယောက်ဖြစ်တဲ့ Shawn Mendes နဲ့ Camila Cabello တို့ ဒိတ်နေကြပြီလားဆိုတဲ့သတင်းတွေဟာ သူတို့နှစ်ယောက်ရဲ့သီချင်းသစ် "‘Señorita’" ဗီဒီယို ထွက်ရှိလာပြီးတဲ့နောက်မှာ ပရိသတ်တွေရဲ့ပါးစပ်ဖျားထက် အပြောများလာခဲ့ပါတယ်။ဒီသီချင်းဟာ သူတို့နှစ်ယောက်ရဲ့ဒုတိယအကြိမ်မြောက်တွဲဖက်သီဆိုဖျော်ဖြေမှုလည်းဖြစ်ပါတယ်။

အရမ်း Hot တဲ့ "‘Señorita’" သီချင်းဗီဒီယိုကြောင့် ပရိသတ်တွေဆီက ဒီလိုထင်မြင်ယူဆချက်တွေရရှိနေတာ ဖြစ်သလို အသက် ၂၀ အရွယ် Shawn Mendes နဲ့  အသက် ၂၂ နှစ်အရွယ် Camila Cabello တို့ ဇူလိုင်လ ၃ရက်နေ့ညက လက်ချင်းတွဲပြီး လျှောက်လည်နေကြတဲ့ပုံရိပ်တွေ အင်တာနက်မှာ ပျံ့နှံ့လာခဲ့တာကြောင့် သူတို့နှစ်ယောက် တွဲနေကြတယ်ဆိုတဲ့ကောလဟာလသတင်းဟာ ပိုပြီးအရှိန်တက်လာခဲ့တာဖြစ်ပါတယ်။

သူတို့နှစ်ယောက်ကို ညဘက်အတူမြင်တွေ့ရတယ်ဆိုတဲ့သတင်းဟာ ဒါပထမဆုံးအကြိမ်တော့မဟုတ်ခဲ့ပါဘူး။၂၀၁၈ ဖေဖော်ဝါရီတုန်းကလည်း သူတို့နှစ်ယောက် နယူးယော့ခ်မှာ အတူရှိနေတဲ့ပုံရိပ်တွေတက်လာခဲ့ဖူးပါတယ်။အခု လက်ချင်းတွဲထားတဲ့ပုံတွေမြင်လာရတာကြောင့် သူတို့နှစ်ယောက် သူငယ်ချင်းတွေကနေ ဒီထက်အဆင့်တက်ကြတော့မလားဆိုပြီး ပရိသတ်တစ်ချို့က ၀ိုင်းပြီးသဘောတူအားပေးနေကြပါတယ်။ဇူလိုင်  ၄ရက်နေ့မှာလည်းသူတို့နှစ်ယောက်ဟာသူငယ်ချင်းတစ်ယောက်ရဲ့ ပါတီပွဲကို အတူတက်ရောက်ခဲ့ကြသေးတယ်လို့သိရပါတယ်။

ဒါပေမဲ့ Shawn နဲ့ Camila တို့ကတော့ ဒီလို အချစ်ရေးကောလာဟာလတွေနဲ့ ပတ်သက်လို့ ဘာမှပြန်လည်ဖြေရှင်းထားခြင်းမျိုးမရှိသေးပါဘူး။ဒီထက်ပိုပြီးတိကျတဲ့အတည်ပြုသတင်းတွေကိုဆက်ပြီးစောင့်မျှော်ရဦးမှာပါပဲ။ပရိသတ်ကြီးအတွက် Shawn နဲ့ Camila တို့ လက်ချင်းတွဲပြီးကြည်နူးနေကြတဲ့ပုံရိပ်လေးတွေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations