Crime thriller ဇာတ်လမ်းကြိုက်သူတွေအတွက်...

မင်းသား Liam Hemsworth ပါဝင်သရုပ်ဆောင်ထားတဲ့ crime thriller  အမျိုးအစား ဇာတ်ကားကြီးကို မကြာခင်ကြည့်ရှုခံစားရပါတော့မယ်။

အသက် ၂၉ နှစ်အရွယ် မင်းသား Liam Hemsworth ဟာ "Killerman" ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားကြီးမှာ ငွေမည်းတွေကိုငွေဖြူအဖြစ်ပြောင်းလဲပေးတဲ့ Moe Diamond ဆိုတဲ့ဇာတ်ကောင်နေရာကနေပါဝင်သရုပ်ဆောင်ထားပါတယ်။နယူးယော့ခ်မြို့ရဲ့ငွေမည်းခ၀ါချသူဖြစ်တဲ့ Moe Diamond တစ်ယောက် တစ်ရက်မှာတော့ မတော်တဆမှုနဲ့ မှတ်ဥာဏ်တွေပျောက်ဆုံးသွားခဲ့ပြီး သူဘာဖြစ်ခဲ့သလဲဆိုတာ ပြန်လည်ရှာဖွေစုံစမ်းတဲ့ဇာတ်လမ်းပုံစံမျိုးဖြစ်ပါတယ်။

Liam  Hemsworth ဟာ The Last Song ၊ The Hunger Games စတဲ့ဇာတ်ကားတွေနဲ့ ပရိသတ်အားပေးမှုကိုရရှိခဲ့သူဖြစ်ပြီး သူနောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားဟာ ၂၀၁၆ တုန်းကထွက်ရှိခဲ့တဲ့ Independence Day: Resurgence ဇာတ်ကားဖြစ်ပါတယ်။အခု ၂၀၁၉ ထဲမှာတော့ သူ့ကို သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကြမ်းကားနဲ့ပြန်လည်မြင်တွေ့ရတော့မှာပါ။

ဒီဇာတ်ကားကြီးမှာဆိုရင် Emory Cohen ၊ Diane Guerrero ၊ Suraj Sharma ၊ Mike Moh နဲ့ Zlatko Buric တို့လည်းပါဝင်သရုပ်ဆောင်ထားပါတယ်။

"killerman" ဇာတ်ကားကြီးကို သြဂုတ် ၃၀ မှာရုံတင်ပြသမယ်လို့လည်းသိရပါတယ်။ပရိသတ်ကြီးအတွက် 'Killerman" offical trailer လေးပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations