Angelina Jolie လည်းပါဝင်ထားတဲ့ "The Eternals"

နာမည်ကျော်တောင်ကိုရီးယားအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Ma Dong Seok ကို မကြာခင် Marvel ဟီးရိုးဇာတ်ကားမှာမြင်တွေ့ရတော့မယ်လို့သိရပါတယ်။

မကြာခင်ထွက်ရှိလာတော့မယ့် The Eternals ဇာတ်ကားမှာ ပါဝင်မယ့်အနုပညာရှင်တွေအကြောင်း ဇူလိုင် ၂၁ ရက်နေ့က Marvel Entertainment ကနေ အတည်ပြုကြေညာခဲ့တာဖြစ်ပါတယ်။

The Eternals ဇာတ်ကားမှာဆိုရင် နာမည်ကျော်ဟောလိဝုဒ်အနုပညာရှင်တွေဖြစ်တဲ့ Angelina Jolie ၊Salma Hayek ၊ Richard Madden တို့ပါဝင်ထားပြီး အခုဆိုရင် Ma Dong Seok ကပါ ထပ်မံပါဝင်လာပြီဖြစ်ပါတယ်။ဒီဇာတ်ကားကို Songs My Brother Taught Me နဲ့ The Rider ဇာတ်ကားတွေရိုက်ကူးခဲ့တဲ့ တရုတ်ဒါရိုက်တာ Chloe Zhao ရိုက်ကူးမှာဖြစ်တယ်လို့သိရပြီး  ၂၀၂၀ ၊ နိုဝင်ဘာ ၆ရက်နေ့မှာ ပြသမှာဖြစ်ပါတယ်။

Ma Dong Seok ကို ဒီဇာတ်ကားမှာ Gilgamesh ဆိုတဲ့ ဇာတ်ကောင်နဲ့ မြင်တွေ့ရမှာဖြစ်ပြီး အရမ်းအရေးပါပြီးအဓိကကျတဲ့ဇာတ်ကောင်နေရာဖြစ်တယ်လို့သိရပါတယ်။ကိုရီးယားမှာတင်မက  ဟောလိဝုဒ်မှာပါ နာမည်ကျော်ကြားတဲ့ Ma Dong Seok ကို ဒီ Marvel ဟီးရိုးဇာတ်ကားသစ်မှာ ဘယ်လိုသရုပ်ဆောင်မှုတွေနဲ့ မြင်တွေ့ရဦးမလဲ အတူတူစောင့်မျှော်အားပေးလိုက်ရအောင်

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations