"Lover"Album ထဲက နောက်ထပ်သီချင်းတစ်ပုဒ်...

မတ်မတ် Taylor Swift  ကတော့ သူမရဲ့ ပရိသတ်တွေကို Surprise လုပ်ခဲ့ပြန်ပါပြီ။

အသက် ၂၉နှစ်အရွယ် ကမ္ဘာကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ Taylor Swift ဟာ  သီချင်းသစ်လေးတစ်ပုဒ်ထပ်တင်ပေးတော့မယ့်အကြောင်း အရိပ်အမြွက်လေးတောင်မပြခဲ့ပဲ သူမရဲ့သီချင်းသစ်လေးကို ပရိသတ်တွေနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။

"The Archer" ဆိုတဲ့သီချင်းသစ်လေးကို ဇူလိုင် ၂၃ ရက်နေ့က တင်ပေးခဲ့တာဖြစ်ပြီး ဒီသီချင်းဟာ မကြာခင်ထွက်ရှိလာမယ့် အယ်လ်ဘမ်သစ် "Lover" ထဲက သီချင်းတစ်ပုဒ်ဖြစ်တယ်လို့သိရပါတယ်။Taylor Swift ဟာ သူမရဲ့ "Lover"အယ်လ်ဘမ်သစ်ထဲကနေ "You Need to Calm Down" ၊ "Me" စတဲ့သီချင်းနှစ်ပုဒ်ကို ပရိသတ်ရှေ့အရောက်ပို့ခဲ့ပြီးပါပြီ။

မျှော်လင့်ထားသလိုပဲ အဲ့ဒီသီချင်းနှစ်ပုဒ်လုံးဟာ ပရိသတ်တွေအကြိုက်တွေ့ခဲ့ကြတဲ့သီချင်းတွေဖြစ်ခဲ့ကြပါတယ်။အခုသူမ ချပြခဲ့တဲ့ "The Archer" သီချင်းလေးဟာလည်း အေးအေးငြိမ့်ငြိမ့်လေးနားထောင်ကောင်းတဲ့အတွက် ပရိသတ်အားပေးမှုကို ရရှိဦးမယ်ဆိုတာ မလွဲပါဘူး။

Taylor ရဲ့ "Lover" အယ်လ်ဘမ်သစ်ဟာ သြဂုတ် ၂၃ ရက်နေ့မှထွက်ရှိလာမှာဖြစ်ပါတယ်။အခုထိသူမ ချပြခဲ့သမျှ သီချင်းတွေဟာလည်း ပရိသတ်စိတ်နဲ့ကွက်တိကျတဲ့သီချင်းကောင်းလေးတွေဖြစ်တဲ့အတွက် နောက်ထပ်ဘယ်လိုသီချင်းကောင်းတွေကို နားဆင်ရမလဲဆိုတာ စိတ်လှုပ်ရှားရင်ခုန်စရာကောင်းနေပါပြီ။

အခုတော့ Taylor Swift ရဲ့ ပရိသတ်တွေအတွက် သူမ Surprise လုပ်ခဲ့တဲ့ "The Archer" သီချင်းသစ်လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations