Baby Driver 2 ကြည့်ရဖို့ ကြိုတင်ရင်ခုန်နေပြီ

 အသက် ၂၅ နှစ်အရွယ် The Fault in Our Stars မင်းသား Ansel Elgort ဟာဆိုရင် Baby Driver 2 ရိုက်ကူးဖို့အတွက် အတည်ပြုလက်ခံလိုက်ပါပြီ။ဇာတ်ညွှန်းလည်းဖတ်ပြီးပြီလို့သိရပါတယ်။

၂၀၁၇ တုန်းကထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖိုဒရာမာဇာတ်ကား Baby Driver ဟာ တစ်ကမ္ဘာလုံးအနှံ့ဝင်ငွေ ဒေါ်လာ ၂၂၆ သန်းရရှိခဲ့တာဖြစ်ပြီး ထိုဇာတ်ကားဟာ ဒါရိုက်တာ Edgar Wright ရဲ့ ဝင်ငွေအမြင့်ဆုံးရရှိခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။အခုဆိုရင်တော့ Baby Driver 2 ပါ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

အခုလက်ရှိမှာဆိုရင် မင်းသား Ansel Elgort ဟာ West Side Story ဇာတ်ကားကိုရိုက်ကူးနေဆဲဖြစ်ပြီး ဒါရိုက်တာ Edgar Wright ကတော့ Last Nigiht in Soho ဇာတ်ကားကိုရိုက်ကူးနေပါတယ်။ဒါကြောင့် Baby Driver 2 ရိုက်ကူးမယ့်အချိန်ကို အတိအကျဖော်ပြထားခြင်းမရှိသေးပါဘူး။

Baby Driver  1 မှာ Ansel Elgort ၊ Lily James ၊ Jon Hamm ၊ Eiza Gonzalez ၊ Jamis Foxx  စတဲ့အနုပညာရှင်တွေပါဝင်ထားတာဖြစ်ပြီး အခု Baby Driver 2 အတွက်ကတော့ မင်းသား Ansel Elgort ပြန်လည်ပါဝင်ဖို့ပဲ အတည်ပြုထားတာရှိပါသေးတယ်။တစ်ခြားဘယ်သူတွေပြန်ပါလာပြီးဘယ်အနုပညာရှင်တွေအသစ်ထပ်ပါလာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ပရိသတ်ကြီးရော Baby Driver 2 အတွက်ရင်ခုန်နေပြီလား?

Source:Justjared 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations