Lebanon က ဟောလိဝုဒ်ရုပ်ရှင် Wonder Woman ရုပ်ရှင်ပြသခွင့်ကိုတားမြစ်ခဲ့ပါတယ်။

ခေါင်းဆောင်မင်းသမီး Gal Gadot က ဂျူးတစ်ယောက်ဖြစ်ပြီး အစ္စရေးစစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတာကြောင့် လက်ဘနွန်နိုင်ငံက Wonder Women ရုပ်ရှင်ကားကို သူတို့ဆီမှာ ပြသခွင့်မပြုဖို့ တားမြစ်လိုက်တာပါ။ အဲ့ဒီတားမြစ်ချက်ဆုံးဖြတ်မှုဟာ အချို့ သြဇာရှိ လက်ဘနွန် တွေကြားထဲမှာရော လူမှုအသိုင်းအ၀န်းတစ်ခုလုံးမှာပါ ပျံ့နှံ့လှုပ်ခတ်သွားခဲ့ပါတယ်။

အသက်အငယ်ဆုံးအစ္စရေးမင်းသမီး Gadotဟာ ၂၀၁၄ ခုနှစ်တုန်းက သူမရဲ့ facebookမှာသူမရဲ့အချစ်တွေနဲ့ ဆုတောင်းမှုတွေကိုသူမရဲ့အစ္စရေးနိုင်ငံသားများထံ ပို့ပေးနေပါတယ် လို့ရေးသားခဲ့ပါတယ်။ လက်ဘနွန် တွေရဲ့ တားမြစ်ချက်က မုန်တိုင်းတစ်ခုလို ပျံ့  နှံ့သွားခဲ့ပါတယ်။ လက်ဘနွန်မှာရှိတဲ့ အစ္စရေးသပိတ်မှောက်သူတွေကိုထောက်ခံသူတွေကအောင်မြင်ခဲ့တယ်လို့ဆန္ဒပြ အဖွဲ့ရဲ့facebook မှာ အာရပ်ဘာသာစကားနဲ့ ပြောခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်တွေကလည်း မင်းသမီး Gadot ရဲ့  ရုပ်ရှင်တော်တော်များများက ပျံ့  နှံ့ခဲ့ပြီးအစိုးရကိုမငြိမ်မသက်ဖြစ်စေခဲ့ဖူးပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations