မျောက်တွေဟာ ခရီးသွားတွေရဲ့ဖုန်းတွေ ကင်မရာတွေကိုယူပြီး သူတို့ရဲ့ 
အစားအစာတွေနဲ့ လဲလှယ်ရမယ်ဆိုတဲ့အကြောင်းကိုသိခဲ့ကြတယ်။

မာဖီးယားမျောက်မျိုးစိတ်တစ်ကောင်က ဘေလီက ခရီးသွားတွေအတွက်ဆွဲဆောင်မှုရှိတဲ့နေရာတစ်နေရာမှာ လူတွေရဲ့အပြုအမူ သူတို့ကြားထဲကအရောင်းအ၀ယ် အလဲအလှယ်လုပ်နေတဲ့မြင်ကွင်းတစ်ခုကနေ အဲ့ဒီနည်းလမ်းကိုတွေ့ရှိသွားခဲ့တာပါ။သုတေသီတွေက Uluwatuလို့ခေါ်တဲ့ဘုရားကျောင်းက တိရစ္ဆာန်တွေကိုလေ့လာကြည့်တဲ့အခါ အားလပ်ရက်အပန်းဖြေလာကြတဲ့သူတွေရဲ့ဦးထုပ်၊ မျက်မှန် ၊ ကင်မရာနဲ့ဖုန်းတွေကိုခိုးယူကာ သူတို့ရဲ့အစားအစာတွေနဲ့ လဲလှယ်ယူကြတယ်လို့ တွေ့ခဲ့ကြပါတယ်။မျောက်တွေက အဲ့လိုပစ္စည်းချင်း အလဲအလှယ်လုပ်ကြတာကိုကောင်းကောင်းမသိကြသေးပါဘူး ။ သူတို့က လူတွေရဲ့အပြုအမူတွေကို ကြည့်ပြီးလိုက်လုပ်ကြတာပါလို့ သုတေသီတွေကပြောကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations