အတူဝိတ်ချခဲ့ကြတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရတာ ဘယ်လောက်တောင်ခက်ခဲလိုက်မလဲ။

Ronnie Browser ဆိုတဲ့အမျိုးသားဟာ အထက်တန်းကျောင်းပြီးတဲ့နောက် စိတ်ကျရောဂါခံစားခဲ့ရပါတယ်။သူ့ရဲ့ဘ၀တစ်လျှောက်လုံးကို မူးယစ်ဆေး၊အရက်၊ အစားအသောက်တွေနဲ့သာ ပျော်မွေ့စေခဲ့တယ်။တဖြည်းဖြည်းနဲ့ သူ့ရဲ့ ကိုယ်   အလေးချိန်ဟာ တိုးလာပြီး ၂၀၁၃ မှာတော့ ပေါင်၆၇၅ပေါင်တောင်ဖြစ်လာခဲ့တယ်။ဆရာဝန်ဆီသွားတဲ့အခါ သူသာ အလေးချိန်မလျှော့ချရင်သေမယ်လို့ ဆရာဝန်ပြောခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Browser ဟာ ကျန်းမာရေးအတွက်သင့်တော်တဲ့အစားအသောက်တွေစတင်ပြီးစားခဲ့ပြီးနောက်လေ့ကျင့်ခန်းလည်းစတင်လုပ်ခဲ့ပါတယ်။ သူဟာ၂၃ လ    အတွင်း ပေါင် ၄၅၈ ပေါင်ကျဆင်းခဲ့ပါတယ်။

Browser ဟာ Gym ကစားနေတဲ့အချိန်မှာ Andreaလို့ခေါ်တဲ့သူ့ရဲ့ အမျိုးသမီးနဲ့တွေ့ဆုံခဲ့တာပါ။သူမဟာ အရပ် ၅ပေ၄လက်မဖြစ်ပြီး ကိုယ်အလေးချိန် ပေါင်၂၅၀ရှိပါတယ်။သူမဟာ ကိုယ်အလေးချိန်များလို့ gymသွားနေရတာတောင်ရှက်မိတယ်လို့ပြောပါတယ်။အဲ့ဒီနောက်မှာ browserနဲ့တွေ့ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်အားပေးရင်းအတူတူကြိုးစားခဲ့ပြီးတဲ့နောက်မှာတော့ Andreaက ပေါင် ၁၂၀ကျခဲ့ပြီးBrowserက ၄၅၈ ပေါင်ကျဆင်းခဲ့ပါတယ်။

အခြားသူတွေအတွက်လည်းသူတို့က အကြံဥာဏ်တွေပေးထားပါသေးတယ်။အဲ့ဒါတွေကတော့ ကိုယ့်ကို စိတ်အားတက်စေမယ့်အကြောင်းအရာတစ်ခုခုရှာပါ။စိတ်မပျက်သွားပဲ သေချာကြိုးစားပါ ။ကျန်းမာရေးကိုလည်းဦးစားပေးဂရုစိုက်ပါတဲ့။မေ ၁၃ မှာ သူတို့ဟာလက်ထပ်ခဲ့ပါတယ်။အစားအစာကိုသင့်တင့်မျှတအောင်စားပြီး လေ့ကျင့်ခန်းကိုလည်းမနားပဲ ဆက်လုပ်နေတယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations