တကယ့်ကိုမယုံနိုင်စရာအဖြစ်အပျက်ပါ။ ကလေးငယ်ဟာလေးပတ်သာရှိသေး
ပြီး အင်္ဂါအစိတ်အပိုင်းတစ်ခြမ်းနဲ့သာ အသက်ရှင်နေတာဖြစ်ပါတယ်။

ကိုယ်အင်္ဂါအစိတ်အပိုင်း တစ်ခြမ်းသာ ပါဝင်တဲ့ ကလေးငယ်လေးဟာ မွေးဖွားလာကတည်းက အသက်ရှင်ဖို့မရှိတော့ဘူးလို့ အားလုံးက ယူဆထားကြပေမယ့် မွေးဖွားပြီး ၄ ပတ်အကြာမှာတော့ သူ့ဆီက ပထမဆုံး နှလုံးခုန်သံကို ကြားလိုက်ရလို့ အားလုံးက အံ့အားသင့် ပျော်ရွှင်ခဲ့ကြပါတယ်။ သူ့ရဲ့ တစ်ခြမ်းသာရှိတဲ့ နှလုံးရဲ့ ဘယ်ဖက်အခြမ်းက အလုပ်လုပ်ခဲ့တာဖြစ်ပြီး အသက်ရှင်ဖို့ မျှော်လင့်ချက်အများကြီး ရှိလာခဲ့ပါတယ်။ ကလေးငယ်ရဲ့အမေဖြစ်သူက သူမရဲ့ကလေး နှလုံးလှုပ်ရှားမှုကိုအမြဲစောင့်ကြည့်နေပြီးကလေးငယ်ရဲ့နှလုံးခုန်သံကိုကြားရချိန်ကတော့ သူမဘ၀ရဲ့စိတ်အလှုပ်ရှားရဆုံးအချိန်ပဲလို့ပြောခဲ့ပါတယ်။

ကလေးရဲ့အသက်ရှူနှုန်းကို ဆက်စောင့်ကြည့်ပြီးအကောင်းဆုံးရွေးချယ်မှုလုပ်ဖို့လိုတယ်လို့လည်းသိရပါတယ်။ 

ဒါပေမယ့် Liverpool Walton မှာနေတဲ့ ကလေးရဲ့အမေဖြစ်သူကတော့ သူမရဲ့ကလေးဆက်ပြီးအသက်ရှင်နိုင်ဖို့လက်မလျှော့ဘူးလို့ပြောခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations