pharell William ရဲ့ Happy သီချင်းကို ကားရေဒီယိုမှာ ကြားလိုက်ရတဲ့အခါ.......။

၃၂အရွယ် Courtney Ann Sanford က သူမရဲ့ ကိုရိုလာ ကားအနီရောင်နဲ့အလုပ်ကိုသွားခဲ့ပါတယ်။ရုတ်တရက် သူမက ရေဒီယိုဖွင့်လိုက်တော့ ကားရေဒီယိုကနေ pharell Williamရဲ့ Happy ဆိုတဲ့သီချင်းလာခဲ့ပါတယ်။သူမကလည်းစိတ်ချမ်းသာနေခဲ့ပြီးတော့ အဲ့ဒီသီချင်းကသူမကိုအရမ်းပျော်စေခဲ့တယ်လို့ရေးပြီးFacebookမှာ သူမရဲ့ဓာတ်ပုံပါရိုက်ပြီးတင်ခဲ့ပါတယ်။ အဲ့ဒီစာကြောင်းဟာ သူမဘ၀ရဲ့နောက်ဆုံးစာကြောင်းဖြစ်ခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ Courtney ဟာ ဓာတ်ပုံရိုက်နေတဲ့အချိန် Facebookပေါ်စာတွေတင်နေတဲ့အချိန်မှာသူမရဲ့ကားကိုမရပ်ခဲ့ပဲ ကားမောင်းနေတုန်း အဲ့ဒါတွေလုပ်ခဲ့လို့ပါပဲ။သူမဖုန်းကိုကြည့်နေတဲ့အချိန်ကားလက်ကိုင်စတီယာရင်ဟာ အလယ်မျဉ်းကိုကျော်ပြီး တစ်နာရီကိုမိုင် ၄၀ နှုန်းနဲ့မောင်းနေတဲ့ကြီးမားတဲ့ထရပ်ကားနဲ့တိုက်ခဲ့မိတာပါ။သူမရဲ့ကားကလမ်းဘေးထိုးကျသွားပြီး သစ်ပင်တွေနဲ့ပွတ်တိုက်မိလို့ မီးပါလောင်သွားခဲ့ပါတယ်။သူမဟာ ချက်ချင်းသေဆုံးခဲ့ပြီး သူမရဲ့မိဘတွေနဲ့ အစ်ကိုနှစ်ယောက်ကိုတောင် နှုတ်ဆက်ခွင့်မရသွားခဲ့ပါဘူး။သူမရဲ့ Facebookပေါ်စာတင်ချိန်က ၈နာရီ ၃၃ မိနစ်ဖြစ်ပြီး accidentဖြစ်ပြီး သူတို့ဆီဖုန်းဝင်တဲ့အချိန်ကတော့ ၈နာရီ ၃၄မိနစ်လို့ ရဲကပြောခဲ့ပါတယ်။

အဲ့ဒါကြောင့် ကားမောင်းနေတုန်း ဖုန်းလုံးဝအသုံးမပြုဖို့ တိုက်တွန်းလိုက်ပါရစေ။ ကားမောင်းနေတုန်းဖုန်းလာခဲ့ရင် ကားကိုအရင်ရပ်ပြီးမှဖြေပါ။ကားမောင်းနေတုန်း facebook နဲ့ တခြားအင်တာနက် စာမျက်နှာတွေဆီ စိတ်မရောက်  ပါစေနဲ့။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations