မြင်ဖူးသမျှစုံတွဲဓာတ်ပုံတွေထဲမှာ အလှပဆုံးဓာတ်ပုံတွေပါပဲ။

ကယ်လီဖိုးနီးယားနိုင်ငံက စုံတွဲ တစ်တွဲ ဟာ ဧ၀ရတ် တောင်ပေါ်မှာ သူတို့ရဲ့ မင်္ဂလာပွဲကိုကျင်းပဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အန္တရာယ်များတဲ့ဓာတ်ပုံတွေကိုစွန့်စွန့်စားစားရိုက်တတ်တဲ့ဓာတ်ပုံဆရာ Charleton Churchill ကတော့            သူကအမြင့်ပေ ၂၉၀၂၉ ပေရှည်တဲ့ ကမ္ဘာအမြင့်ဆုံးတောင်ပေါ်မှာ မင်္ဂလာပွဲကျင်းပတာကိုရိုက်ချင်နေခဲ့တာ ၂၀၁၁ ခုနှစ်တည်းကပါတဲ့။ အခုအချိန်မှာတော့ သူ့ရဲ့လက်ရာကောင်းတဲ့ ဓာတ်ပုံတွေကို ဒီစုံတွဲအတွက် ရိုက်ပေးနိုင်ခဲ့ပါပြီ။     ပြီးခဲ့တဲ့ နှစ်တွေတုန်းက တခြားစုံတွဲတစ်တွဲနဲ့ ရိုက်ဖို့လည်းရှိပေမဲ့ သူတို့စုံတွဲတောင်ပေါ်ရောက်လာတုန်းက ၇.၈ ပြင်းအားရှိတဲ့နီပေါ ငလျင်ကြောင့် လက်ထပ်ပွဲကိုရွေ့ဆိုင်းခဲ့လို့မရိုက်ခဲ့ရပါဘူး။

ဒီ ၂၀၁၇ ကတော့ တောင်ခြေမှာ မင်္ဂလာဓာတ်ပုံရိုက်ကူးတဲ့ပထမဆုံးဓာတ်ပုံဆရာဖြစ်လာဖို့သူ့ရဲ့ဒုတိယအခွင့်အရေးပဲလို့ ပြောခဲ့ပါတယ်။မတ်လမှာ သတို့သားAshley Schmieder သတို့သမီး ဖြစ်တဲ့ James Sissomတို့နဲ့ Mount Everest တောင်ကို လာခဲ့ပါတယ်။သူတို့လိုချင်တဲ့အလှဆုံးပုံမရမချင်း မရပ်ခဲ့ကြပါဘူး။

မင်္ဂလာဆောင်တဲ့နေ့မှာလည်း အပူချိန်က ၅ ဒီဂရီသာရှိပါတယ်။အရမ်းကိုအေးနေပေမဲ့လည်းသူတို့ကတော့ရိုက်လို့ကောင်းတုန်းပါပဲ။ခဏလေးတောင်ဖိနပ် အလှတွေ မစီးနိုင်ခဲ့ပဲ ဘွတ်ဖိနပ်တွေသာစီးထားရပါတယ်။

သူတို့နှစ်ယောက်တည်းသာအေးစိမ့်နေတဲ့တောင်ပေါ်မှာ မင်္ဂလာဆောင်တာမို့လို့ လက်စွပ်လဲတာ တစ်ယောက်နဲ့တစ်ယောက်သစ္စာပြုတာတွေကို သူတို့ဘာသာသူတို့လုပ်ခဲ့ကြပါတယ်။သူတို့ရောက်နေတဲ့နေရာ ၊သူတို့တွေ အရမ်းကို ခက်ခက်ခဲခဲကြိုးစားခဲ့ကြတာတွေက တကယ့်ကို အံ့သြစရာ ကြည်နူးစရာအဖြစ်အပျက်ပါပဲလို့ဓာတ်ပုံဆရာကပြောပြခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations