လှပပြီးကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင် ၁၆ နှစ်သမီးရဲ့ ဖြစ်ရပ်မှန်တစ်ပုဒ်ပါ။

သူမက သူမရဲ့အမေ သူတို့မိသားစုကိုနေ့စဉ်ရုန်းကန်လှုပ်ရှားပြီး ဂရုစိုက်ပေးတဲ့အတွက်သူမက တစ်ခုခုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။သူမနာမည်ကတော့ Maiya James ပါ။

Jamesက သူမရဲ့ အမေ ၊သူမရဲ့ အစ်မဖြစ်သူနဲ့တစ်အိမ်တည်းအတူတူနေကြတာပါ။အစ်မဖြစ်သူက မသန်စွမ်းတစ်ယောက်ဖြစ်ပြီး ၂၄နာရီလုံးအတူတူရှိနေပေးဖို့လိုအပ်တဲ့သူပါ။သူမရဲ့အမေကတော့ တစ်ယောက်တည်းရုန်းကန်ပြီး သူတို့ကိုနေ့တိုင်း ကျွေးမွေးစောင့်ရှောက်ပြီးအ၀တ်အစားတွေပါလျှော်ဖွပ်ပေးပါတယ်။သူမရဲ့သမီးဖြစ်သူကိုလည်းဆေးရုံမှာပုံမှန်ဆေးကုသမှုခံယူစေပါတယ်။

ဒါပေမဲ့တစ်နေ့မှာတော့ မမျှော်လင့်ပဲ သူမတို့ကားကပျက်စီးသွားခဲ့ပြီး ကားကိုပြုပြင်ဖို့ပိုက်ဆံလည်းသူမမှာမရှိပါဘူး။သမီးငယ် james ကတော့ အွန်လိုင်းကနေ  ကားကိုပြန်လည်ပြုပြင်ပေးတဲ့ဆိုင်တွေကို ရှာခဲ့ပါတယ်။နောက်ဆုံးအနီးအနားမှာတွေ့ခဲ့ပါတယ်။သူမအမေဆီမှာ ပိုက်ဆံမရှိတာသိလို့ သူမရဲ့အခက်အခဲကို စာရေးပြီး ကားပြင်ဆိုင်ကိုပို့ခဲ့ပါတယ်။သူမရဲ့စာကို ချက်ချင်းဖတ်ခဲ့ပြီးကားပြုပြင်ဆိုင်က သူတို့မိသားစုကို ကူညီဖို့ ကားကိုပြုပြင်မပေးတော့ပဲ ကားအသစ်တစ်စီးလက်ဆောင်ပေးခဲ့ပါတယ်။

သူမတို့မိသားစုလည်းကြည်နူးရသလို ကူညီခဲ့တဲ့သူတွေအတွက်လည်း ပီတိဖြစ်စရာပါ။လူတိုင်းကြင်နာကြမယ်ကိုယ်ချင်းစာတရားရှိကြမယ်ဆိုရင် ကမ္ဘာကြီးက ဒီထက်ပိုလှပြီး ပိုပြီးနေချင်စရာကောင်းမှာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations