သံဆူးကြိုးပစ်ပြီး တားဆီးခဲ့ရတာဖြစ်ပါတယ်။

ရဲတွေဟာ အချိန်တိုလေးအတွင်းမှာ အဲ့ဒီ အရက်မူးနေတဲ့ကားမောင်းသမားနဲ့ပတ်သက်ပြီး ဖုန်းခေါ်ဆိုမှု ၇ ခုကိုရရှိခဲ့တာပါ။သူလာမယ့်လမ်းကနေ စောင့်ပြီး ကားကိုတားပေမဲ့ မရပ်ပဲဆက်မောင်းပြေးလို့ ရဲတွေက သံကြိုးအရှည်သုံးပြီး တားဆီးခဲ့ပါတယ်။ ရဲတွေက သူ့ကိုစစ်ဆေးတဲ့အခါမှာတော့ သတင်းအရ အရက်သောက်ပြီး ကားမောင်းတာကိုတွေ့ရခဲ့ပါတယ်။

အဲ့ဒါကြောင့်အရက်သောက်ပြီးမောင်းတဲ့ကားသမားတွေကို တားဆီးဖို့နဲ့လူတွေရဲ့အသက်ကိုကယ်တင်ဖို့  ကမ္ဘာအနှံ့ မှာရဲတွေက အမြဲတမ်းရှိနေရခြင်းပါပဲ။

ဘာလို့များလူတွေက အရက်သောက်ပြီးကားမောင်းနေရလဲဆိုတာ နားမလည်နိုင်ပါဘူး။ နှစ်စဉ်နှစ်တိုင်း အရက်          သောက်ပြီးမောင်းလို့ ကားမတော်တဆမှုတွေအများကြီးဖြစ်နေပါတယ်။၁၉၇၉ ကနေ ၂၀၁၄ အတွင်း ခန့်မှန်းခြေ လူအယောက် ၉၄၀ လောက် ဗြိတိန်မှာ သေဆုံးခဲ့ကြတယ်။အခြားနိုင်ငံတွေလည်း အတူတူပါပဲ။ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းအန္တရာယ်ကင်းကင်းသွားနိုင်ဖို့ အရေးကြီးဆုံးပါပဲ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations