ကားကိုတွေ့ခဲ့တဲ့ ကောင်လေးနှစ်ယောက်ဟာ အဲဒီကားထဲက ဈေးဝယ်ကတ်တစ်ခုကိုရှာတွေ့ခဲ့ပြီး ဆက်ပြီး စုံစမ်းတဲ့အခါမှာတော့...။

Rural Pennsylvania  မှာနေတဲ့ဆယ်ကျော်သက်ကလေးနှစ်ယောက်က တောအုပ်ထဲမှာ ကြေမွနေတဲ့ပြတင်းပေါက်တွေနဲ့ ကားတစ်စီးကိုတွေ့ခဲ့ပါတယ်။သူတို့က ဘာလုပ်ရမလဲဆိုတာလည်းမသိကြသေးပါဘူး။ကားက သစ်တုံးအကြီးကြီးမှာ တင်နေပြီးတော့ အဲ့ဒီနေရာတစ်ဝိုက်ကလည်းတောလမ်းကအရမ်းကိုပျက်စီးယိုယွင်းနေလို့ ကားတွေသိပ်မသွားကြတဲ့နေရာပါ။ကလေးတွေကတော့ ကလေးပီပီ စူးစမ်းချင်တဲ့စိတ်နဲ့ တောအုပ်ကိုလာရင်းတွေ့ခဲ့တာပဲဖြစ်ပါတယ်။သူတို့ကကားထဲကနေ Edwin Kosik လို့ရေးထားတဲ့ စူပါမားကက်ကပေးတဲ့ကတ်တစ်ခုကို တွေ့ပြီးဆွဲယူခဲ့ပါတယ်။ပြီးတော့ သူတို့က ပျောက်နေတဲ့အဲ့ဒီလူကိုရှာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။အွန်လိုင်းကနေ နာမည်ရိုက်ရှာကြည့်တဲ့အခါမှာတော့ အဲ့ဒီလူက ၉၂ အရွယ် ပြည်နယ်တရားသူကြီးတစ်ယောက်ဖြစ်ပြီး ပျောက်နေတာ ၂ ရက်လောက်ရှိပြီလို့ သိခဲ့ကြတယ်။

ကလေးနှစ်ယောက်က အိမ်ကိုပြန်သွားခဲ့ပြီး မိဘတွေကိုသူတို့မြင်ခဲ့တာကိုပြောပြခဲ့ပါတယ်။မိဘတွေလည်းချက်ချင်းရဲကိုအကြောင်းကြားခဲ့ပါတယ်။ရဲတွေလည်းရောက်လာပြီး အဲ့ဒီနေရာကိုသွားရှာခဲ့ပြီး ကားနဲ့ သိပ်မဝေးတဲ့နေရာမှာပဲ Edwin ကိုပြန်တွေ့ခဲ့ပါတယ်။သူကတောထဲမှာ၂ ရက်လုံးလမ်းပျောက်နေခဲ့ပြီး ကံကောင်းစွာနဲ့ပဲ အခုလိုပြန်ပြီး ရှာတွေ့ခဲ့တာပါ။နောက်ရက်နည်းနည်းကြာတဲ့အချိန်မှာတော့ Rural ပျောက်ဆုံးနေခဲ့တဲ့ တောအုပ်ထဲမှာ မုန်တိုင်းအကြီးကြီးတစ်ခုဖြစ်ခဲ့ပါတယ်။

Delvecchio  နဲ့  Alec Yanisko ဆိုတဲ့ ကလေးနှစ်ယောက်သာမတွေ့ခဲ့ရင် Edwin ရဲ့ ဘ၀ကဘယ်လိုဖြစ်မလဲဆိုတာ မတွေးရဲစရာပါပဲ။သူတို့ကတော့ အခုဆိုရင်သူတို့မြို့ရဲ့ သူရဲကောင်းလေးတွေပါပဲ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations