Color Blind ကောင်လေးအတွက်တော့ ဒီမျက်မှန်ဟာ စိတ်လှုပ်ရှားစရာပါ။

၁၀ နှစ်အရွယ် Xavier McCoury ဆိုတဲ့ကလေးငယ်ကတော့မွေးရာပါ ရောဂါဖြစ်တဲ့ Color Blind လို့ခေါ်တဲ့အရောင်တွေမခွဲခြားနိုင်တဲ့ရောဂါဖြစ်နေပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ၁၀ နှစ်ပြည့်မွေးနေ့ကတော့တကယ့်ကိုထူးခြားခဲ့ပါတယ်။သူ့ရဲ့မိဘတွေက ကမ္ဘာပေါ်မှာရှိတဲ့ပိုက်ဆံတွေအားလုံးထက် ပိုပြီးတန်ဖိုးရှိတဲ့လက်ဆောင်ကိုပေးခဲ့ပါတယ်။

ကောင်လေးရဲ့မွေးနေ့ ညနေခင်းမှာသူ့မိဘတွေက မျက်မှန်တစ်လက်ကို လက်ဆောင်အဖြစ်ပေးခဲ့ပါတယ်။

ကောင်လေးက မျက်မှန်ကိုတပ်လိုက်တဲ့အခါမှာတော့ တကယ့်ကို အံ့သြစရာမျက်လှည့်ဆန်လောက်တဲ့အဖြစ်အပျက်ပါပဲ။။ နည်းပညာအသစ်တွေနဲ့လုပ်ထားတဲ့ အထူးနေကာမျက်မှန်က အရောင်မခွဲခြားနိုင်တဲ့သူတွေအတွက် အရောင်တွေအားလုံးမြင်နိုင်ပြီး လွယ်လွယ်ကူကူနဲ့ အရောင်မှန်ကိုရွေးချယ်နိုင်တဲ့ မျက်မှန်တစ်လက်ပါ။။နည်းပညာတွေကလည်းတိုးတက်ပြောင်းလဲလာတာကျေှးဇူးတင်စရာပါပဲ။အရောင်တွေစုံပြီးလှပတဲ့ကမ္ဘာကြီးကို ပထမဆုံးအကြိမ်မြင်ရတဲ့ ခံစားချက်က ပြောပြဖို့တောင်ခက်ပြီးအရမ်းကိုပျော်ရပါတယ်လို့ ကောင်လေးက ပြောပြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations