သူမဟာ ပေါင် ၂၀၀ ကျော်ရှိတဲ့ အမျိုးသမီးဖြစ်ပြီး ကိုယ်အလေးချိန်အတော်များများ လျော့ချခဲ့ရပါတယ်။

Rebekah Ceidro ဆိုတဲ့အမျိုးသမီးရဲ့ ကိုယ်အလေးချိန်ဟာ ပေါင် ၂၀၀ ကျော်ရှိပါတယ်။သူမက Pittsburgh,Pennsylvania အပြင်ဘက်က Eat'n Park restaurant မှာအလုပ်လုပ်ပြီး သူမမှာ ၃နှစ်အရွယ် Noakဆိုတဲ့သားလေးတစ်ယောက်ရှိပါတယ်။သူမက ဖေ့ဘုတ်ခ်သုံးနေရင်း  သူမရဲ့သူငယ်ချင်း Chris Moore တင်ထားတဲ့စာကိုတွေ့ခဲ့တာပါ။Chrisရဲ့ကျောက်ကပ်တစ်ခြမ်းဟာ ပျက်စီးနေပြီး တစ်ခြမ်းအစားထိုးဖို့လိုအပ်တယ်လို့ဆရာဝန်ကပြောတယ်ဆိုတဲ့အကြောင်းကို ဖတ်မိခဲ့တာပါ။ သူမဖတ်ပြီး အချိန်တော်တော်ကြာတာတောင် ဘယ်သူကမှသူ့ကို ကူညီမယ်လို့ မပြောကြပါဘူး။အဲ့ဒီမှာ သူမက တစ်ခုခုလုပ်ပေးဖို့စဉ်းစားခဲ့ပါတယ်။

သူမက သူမရဲ့ကျောက်ကပ်ကိုသူငယ်ချင်းဖြစ်သူကိုပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။Moore ကိုလည်း တခြားသူတွေက သွေးအမျိုးအစားသာတူခဲ့ရင် ကူညီမှာပါလို့အားပေးစကား ပြောခဲ့ပါတယ်။သူမက သူ့ကိုကူညီဖို့ ဆေးရုံကိုသွားပြီးစစ်ဆေးခဲ့ပါတယ်။ဒါပေမဲ့ သူမက လှူဒါန်းဖို့ ဆေးစစ်ချက်မအောင်မြင်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့ သူမက အသက် ၃၃နှစ်ရှိပြီး အ ရပ် ၅ပေ ၇လက်မမှာ ပေါင်ချိန် ၂၁၃ပေါင်တောင်ရှိနေလို့ပါပဲ။စည်းမျဉ်းအရ အသက်၄၀အောက်မှာရှိရပြီး ကိုယ်အလေးချိန်က ၀လွန်း ပိန်လွန်းတာမျိုးမဖြစ်ရပါဘူး။သူမက အဲ့ဒီအချိန်ကစပြီး သူမရဲ့ နေ့စဉ်ဘ၀ကိုပြောင်းလဲခဲ့ပါတယ်။သူမက နေ့တိုင်း ၃ မိုင်၊ ၄ မိုင် ပြေးပြီး သူမရဲ့ gym trainerဆီလည်းနေ့တိုင်း သွားပြီးလေ့ကျင့်ပါတယ်။နောက်ဆုံးသူမဟာ ပေါင် ၄၀ ကျဆင်းခဲ့ ပြီး မေ ၇ ရက်မှာ ၃နာရီနဲ့ ၁၄မိနစ်ကြာတဲ့ ဆေးရုံတွင်း မာရသွန်ပွဲကို အောင်မြင်ခဲ့ပါတယ်။

မာရသွန်ပွဲက တောင်ပေါ်တက်ရသလိုပါပဲတဲ့။ သူမရဲ့ကိုယ်ပိုင်ဘ၀မှာလည်း တောင်ထိပ်ပေါ်ရောက်ဖို့လိုအပ်ပါတယ်လို့ ပြောခဲ့ပါတယ်။Moore ကတော့ Ceidroက စိတ်ထားမြင့်မြတ်တဲ့လှူဒါန်းသူသာမက အတုယူစရာကောင်းတဲ့သူတစ်ယောက်ပါလို့ ပြောခဲ့ပါတယ်။သူက သူမရဲ့အားပေးစကားကိုနားထောင်ပြီး သူ့ကိုယ်သူ အားပေးနေခဲ့တာပါတဲ့။သူမသာ လုပ်နိုင်ရင် သူလည်းကြိုးစားမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်လို့လည်းပြောခဲ့ပါတယ်။ဆရာဝန်က ၃လကနေ၆လအတွင်းမှာပဲ သူတို့နှစ်ယောက်ကိုခွဲစိတ်ပေးခဲ့ပါတယ်။Ceidroကတော့ ၂၀၁၈ မေလမှာ လုပ်မယ့် မာရသွန်ပြိုင်ပွဲအတွက် အခက်အခဲ အတားအဆီး မရှိဖို့သာ မျှေုာ်လင့်နေပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations