အလာဘားမား နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်ပါ။

သူမက  ကလေးကိုတွေ့တဲ့အခါ တစ်ခုခုမှားနေတယ်လို့ ထင်ခဲ့ပါတယ်။ကလေးလေးဟာ နှာခေါင်းမပါလာခဲ့ပါဘူး။ ကလေးက ယောကျာ်းလေးဖြစ်ပြီး သူမက အဲလီ လို့ နာမည်ပေးခဲ့ပါတယ်။ကလေးဟာ အသက်ရှုဖို့ ပါးစပ်ကိုသာ သုံးခဲ့ရပါတယ်။စကားပြောဖို့လည်း ခက်ခဲလို့ အဲလီလေးက လက်သင်္ကေတကိုသာသုံးခဲ့ပါတယ်။သူ့ရဲ့ အကြိုက်ဆုံးသင်္ကေတက တော့ ကွတ်ကီးဖြစ်ပြီး သူက မနက်တိုင်း မေးခဲ့တယ်လို့သိရပါတယ်။အဲလီ ရဲ့ သတင်းဟာ ကမ္ဘာမှာ စိတ်ဝင်စားစရာအကောင်းဆုံးသတင်း ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ဝမ်းနည်းစရာ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားခဲ့ပါပြီ။အဲလီလေးက ဇွန်လ ၃ရက်နေ့မှာ သေဆုံးခဲ့တယ်လို့ သူ့ရဲ့အဖေ ဂျယ်ရမီဖင့်ခ်ျ က ကြေညာခဲ့ပါတယ်။အဲလီရဲ့ အဖေက သူ့ရဲ့ ဖေ့ဘုတ်မှာ သူတို့ရဲ့ ကလေး သေဆုံးသွားတာဟာ သူတို့အတွက်အရမ်းကိုနာကျင်ရပြီး ဘယ်အချိန်ထိ ၀မ်းနည်းပူဆွေးရမယ်ဆိုတာတောင် မသိနိုင်တော့ပါဘူးလို့ ရေးခဲ့ပါတယ်။ချစ်စရာကောင်းတဲ့ကလေးတစ်ယောက်ကို လိုချင်တယ်လို့သူက ဆုတောင်းခဲ့ပါတယ်။အဲလီလေးကို လူတွေအများကြီးက ချစ်ခင်ခဲ့ကြတာပါ။အဲ့ဒီအတွက်လည်း သူကတကယ့်ကိုဝမ်းသာဂုဏ်ယူခဲ့တယ်လို့လည်း သူ့ရဲ့အမေက ဖေ့ဘုတ်ခ် မှာရေးခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations