ဂျက်ကီချန်းလိုလို ဘာလိုလိုနဲ့...။

ဇွန် ၂ ရက်နေ့က ရမ်ဒီတော့ပ်ကင်န်လို့ခေါ်တဲ့ကားသမားက က သူရဲ့ ကားကိုမောင်းနေတုန်းလမ်းတစ်ဖက်က ကားတစ်စီးက လမ်းမှားပြီး သူ့ကားဆီ တည့်တည့်လာနေတာကိုတွေ့လိုက်ပါတယ်။ရဲကလည်းပြေးလာနေပါပြီ။ သူက သူ့ရဲ့ကားကို ရပ်ပြီး လမ်းကိုဖြတ်ကူးခဲ့ပါတယ်။ပြီးတော့ အဲ့ကားထဲက ခရီးသည်နေရာကို ဒိုင်ဗင်ပစ်ဝင်ြပီး ကားမောင်းသမားကို ကယ်ဆယ်ခဲ့တာပါ။

သူက အဲ့လိုအရှိန်ပြင်းပြင်းနဲ့ မောင်းလာတဲ့ကားကိုမြင်တော့နှစ်ခါတောင်မစဉ်းစားခဲ့ပဲ ကူညီခဲ့တာလို့ သိရပါတယ်။သူက ကားထဲရောက်တဲ့အခါကားကိုပန်းခြံထဲမောင်းခဲ့ပြီး တုန်လှုပ်ခြောက်ခြားပြီးတက်နေတဲ့ ကားသမားရဲ့ ပါးစပ်ထဲကို လက်ချောင်းနှစ်ချောင်းထည့်လို့ သူ့ကိုကယ်ခဲ့တာဖြစ်ပါတယ်။သူက သူနဲ့လည်း ပတ်သက်မှုမရှိပဲ ကယ်တင်ခဲ့တာမို့လို့ သူ့ရဲ့ သူရဲကောင်းဆန်မှုအတွက်ကျေးဇူးတင်ချင်ပါတယ်လို့ ကားမောင်းသူ ဒိုင်ဇွန်ကပြောခဲ့ပါတယ်။ဖြစ်ပျက်သွားတာအရမ်းမြန်ပြီး ခရီးသည်စီးတဲ့နေရာက ပြတင်းပေါက်က ပွင့်နေလား မပွင့်နေဘူးလားတောင်မသိပဲကားဆီပြေးသွားခဲ့တာပါလို့လည်းပြောခဲ့ပါတယ်။ရဲတွေကားနားရောက်ပြီး ကားမောင်းသမားကို အနီးအနားကဆေးရုံကိုခေါ်သွားတဲ့ အချိန်ထိ သူက အဲဒီနားမှာရှိုနေခဲ့တာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations