ချစ်စဖွယ်သြစတြေးလျသူလေးဟာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် အသက်ဆုံးရှုံးခဲ့ရတာပါ။

လန်ဒန်အကြမ်းဖက်မှုမှာ သြစတြေးလျ လူမျိုးနှစ်ဦး သေဆုံးခဲ့တယ်လို့ သြစတြေးလျနိုင်ငံရဲ့ တာဝန်ရှိသူတစ်ဦးကပြောပြခဲ့ပါတယ်။အဲဒီ ထဲက တစ်ယောက်ကတော့ ဆာရာဆိုတဲ့ ချစ်စဖွယ်ကောင်မလေးပါ။ ဆာရာက လန်ဒန်မှာ နာနီအဖြစ်အလုပ်လုပ်နေတာပါ။သူမရဲ့ အမေ ဂျူလီကတော့ သူမရဲ့သမီးကအစောကြီးတည်းကလန်ဒန်ကိုရောက်နေခဲ့ပြီးမေ ၂၂ မှာ ကျင်းပခဲ့တဲ့ မန်ချက်စတာ အရီနာဂရန့် ဖျော်ဖြေပွဲကိုသွားဖို့စီစဉ်ခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။သူမရဲ့ အမေကတော့ အသတ်ခံရသူရဲ့သွေးကိုစစ်ဆေးကြည့်တဲ့အခါဆာရာရဲ့သွေးအမျိုးအစားနဲ့ တူတယ်လို့ အတည်ပြုခဲ့ပါတယ်။သူမရဲ့ အဖေက  သူ့သမီးရဲ့ ဗီဒီယိုကို ပြန်လည်ဝေမျှခဲ့ပြီး သူက တကယ့်ကို ချစ်စရာရယ်သံလေးကိုသတိရမိတယ်လို့ ရေးခဲ့ပါတယ်။သူမရဲ့ သူငယ်ချင်း အဲလီဘစ်ရှော့က သူမကို တစ်ယောက်တည်းလို့ မခံစားစေရပဲသတိရအောက်မေ့စရာကောင်းတဲ့ငယ်ရွယ်တဲ့အမျိုးသမီးတစ်ယောက်အဖြစ် လုပ်ပေးမယ်လို့ ရေးခဲ့ပါတယ်။သူမရဲ့ အဒေါ်ကလည်း ဆာရာက သူတို့မိသားစုရဲ့အလှဆုံး ချစ်စရာကောင်းပြီး အကောင်းမြင်တတ်ဆုံး အမျိုးသမီးလေးပါလို့ရေးသားခဲ့ပါတယ်။သူမရဲ့နှလုံးသားနဲ့ ၀ိညာဉ်က ငါတို့နဲ့ အမြဲတမ်း ရှိနေမှာပါလို့ပြောခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations