၉၄ နှစ်အရွယ်အဘွားက မာရသွန်တစ်ဝက်ပြိုင်ပွဲကို သူမရဲ့ သားတွေနဲ့ မြေးမလေး
အိန်ဂျယ်လာ တို့နဲ့ အတူ ပြေးခဲ့တာပါ။

ဟဲရစ်တီသောပ်ဆင်လို့ခေါ်တဲ့ အဘွားက မာရသွန်တစ်ဝက်ပြိုင်ပွဲကို သူမရဲ့ သားတွေနဲ့ မြေးမလေးအိန်ဂျယ်လာ တို့နဲ့ အတူ ပြေးခဲ့တာပါ။ တခြား ပြိုင်ပွဲဝင်တွေကလည်း သူမနဲ့ ဓာတ်ပုံအတူတူရိုက်ဖို့အတွက် ကြိုးစားနေတာကိုလည်းတွေ့ရပါတယ်။အဘွားက ပျော်ရွှင်စရာကောင်းပြီး သူ့မကိုယ်သူမ ၁၆ နှစ်သမီးလေးဖြစ်သွားသလို ခံစားခဲ့ရတယ်လို့ပြောပြခဲ့ပါတယ်။မာရသွန်တစ်ဝက်ပြိုင်ပွဲကို အောင်မြင်ပြီးဆုံးခဲ့တဲ့ အသက်အကြီးဆုံးအမျိုးသမီးပါပဲ။ပြေးနေတုန်းမှာလည်း သူမရဲ့မိသားစုက တစ်ချိန်လုံးအားပေးနေခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations