ယောက်ျားလေးရော မိန်းကလေးပါ အသုံးပြုနိုင်ပါတယ်။

ရှားစောင်းလက်ပက်ဂျယ်ကအသားအရေကိုချောမွတ်စေပြီး နေ့တိုင်းလိမ်းရင် အသားဖြူစေပါတယ်။အရေပြားအတွက် လိုအပ်တဲ့အစိုဓာတ်ကိုလည်းထိန်းပေးနိုင်ပါတယ်။ရှားစောင်းလက်ပက်အပင်ရဲ့အနှစ်ကို ခြစ်ထုတ်ပြီး သကြားလေးနဲ့ရောပြီး နေ့တိုင်းသောက်ပေးရင်အသားအရေကြည်လင်ပြီးကိုယ်အလေးချိန်ကိုပါ လျှော့ချပေးပါတယ်။ရှားစောင်းလက်ပက်ဂျယ်ကိုလည်း အိမ်မှာပဲ လွယ်လွယ်ကူကူလုပ်လို့ရနေပါပြီ။

လိုအပ်တဲ့အရာတွေကတော့

၁။ရှားစောင်းလက်ပက်ပင်

၂။ ၅၀၀ မီလီဂရမ်ဗီတာမင်စီ ဒါမှမဟုတ်  ဗီတာမင်အီး

ပထမဆုံး အရေးကြီးတာကလက်ကိုဆပ်ပြာနဲ့သေချာဆေးပါ။အဲ့ဒါမှလက်မှာရှိတဲ့ပိုးမွှားတွေကင်းစင်မှာပါ။ရှားစောင်းလက်ပက်ပင်ကိုယူပါ။ပြီးရင်ဓားနဲ့ အထဲကအသားတွေကို လှီးထုတ်ပါ။ ဗီတာမင်စီ ဒါမှမဟုတ် ဗီတာမင်အီး အနည်းငယ်ထည့်ပြီးရောမွှေပါ။မွှေစက်ထဲထည့်မွှေရင်ပိုကောင်းပါတယ်။ပြီးရင်တော့ ဆေးကြောထားတဲ့ ခရား၊ဘူးတစ်ခုခုထဲကိုထည့်ပြီးလိမ်းလို့ရပါပြီ။ရေခဲသေတ္တာထဲထည့်ထားရင်တော့တစ်လ၊နှစ်လထိသုံးလို့ရပါတယ်။ဒီတိုင်းအပြင်မှာထုတ်ထားမယ်ဆိုရင်တော့တစ်ပတ်လောက်ပဲအသုံးပြုနိုင်မှာမို့လို့ စလုပ်တည်းက တစ်ပတ်စာ၊တစ်လစာသေချာစဉ်းစားပြီးလုပ်ပါ။

နေလောင်တာ၊အပူလောင်တာ၊မျက်နှာပေါ်ကအမည်းစက်၊၀က်ခြံတွေရောင်ရမ်းတာကိုပျောက်ကင်းစေပြီးခန္ဓာကိုယ်တစ်ခုလုံးကိုလိမ်းလို့ရပါတယ်။ဘေးအန္တရာယ်မဖြစ်စေတဲ့သဘာဝဆေးကောင်းတစ်လက်ပါပဲ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations