ကလေးတွေအတွက်တော့ ice lollypop ကအကောင်းဆုံးအအေးစာပါပဲ။

၁။ ပထမဆုံးရေခွက်တစ်ခွက်ယူပြီး ရေအပြည့်ဖြည့်ပါ။

၂။ နို့မှုန့်အပြည့်တစ်ဇွန်းထည့်ပါ။

၃။ ရေနဲ့နို့မှုန့်ကို ၃၅စက္ကန့်လောက်ရောမွှေပါ။

၎။ ပြီးရင်condensed milk ၃ဇွန်းထည့်ပါ။ကလေးပစ္စည်းရောင်းတဲ့ဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရနိုင်ပါတယ်။

၅။ Whipped cream တစ်ဇွန်းထည့်ပါ။ စတိုးဆိုင်တွေမှာ  ၀ယ်လို့ရနိုင်ပါတယ်။

၆။ ပြီးရင်တော့အကုန်လုံးကိုပျစ်တဲ့အထိရောမွှေပါ။

၇။ မွှေပြီးရင်အနံ့မွှေးအောင် ဗနီလာတစ်ဇွန်းထည့်ပါ။

၈။ အစားအစာတွေမှာထည့်လေ့ရှိတဲ့ အရောင်တစ်မျိုးမျိုးကို တစ်စက်ပဲထည့်ပြီး ခဏမွှေပါ။

၉။ ရေခဲသေတ္တာထဲမှာ၂ နာရီကြာအောင် ထားပါ။

    Lollypop အေးခဲသွားတဲ့အခါမှာတော့ ရေခဲသေတ္တာထဲကထုတ်ပြီး ၂ မိနစ်ခန့်စောင့်ပါ။ပြီးရင်တော့ အရသာရှိတဲ့    ice lollypop စားလို့ရပါပြီ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations