ဆမ်အိုရီရာလို့ခေါ်တဲ့ လူမည်းအမျိုးသားဟာ ဆမ်အိုချီရီဆိုတဲ့နာမည်နဲ့ တောင်ကိုရီးယားက တီဗီအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပြီး နာမည်ကြီးလာတဲ့သူတစ်ယောက်ပါ။

သူ့ရဲ့ပရိတ်သတ်တွေက အရမ်းကိုများပြီး သူသွားတဲ့နေရာတိုင်းမှာတွေ့ရတယ်လို့ပြောပြပါတယ်။သူကကိုရီးယားမှာ နေလာတာ ၈နှစ်တောင်ရှိပြီလို့သိရပါတယ်။၂၀၀၉ မတ်လ ၂၉ ကစရောက်ခဲ့ပြီး ကိုရီးယားကအရမ်းကို အေးတဲ့နိုင်ငံပဲလို့ သူက ခံစားခဲ့ရပါတယ်။ပြီးတော့ သူတို့ဆီက လေဆိပ်ကတော့ သေးပြီးကိုရီးယားလေဆိပ်က အကြီးကြီးပဲလို့သူကတွေးမိခဲ့ပါတယ်တဲ့။ကင်မရာတွေကနေရာတိုင်းမှာရှိနေပြီးကားတိုင်းမှာလည်း ဂျီပီအက်စ်တပ်ဆင်ထားတာကိုတွေ့ရပါတယ်။သူ့ရဲ့ မွေးရပ်မြေ ဂါနာမှာတော့သူတစ်ခါမှမမြင်ဖူးခဲ့ပါဘူးလို့ပြောပြခဲ့ပါတယ်။သူက ကမ္ဘာသစ်တစ်ခုကိုရောက်သလိုခံစားခဲ့ရပါတယ်တဲ့။

သူကကမ်းယန်လို့ခေါ်တဲ့ဒေသက လူတစ်ယောက်နဲ့တွေ့ခဲ့ပြီး သူ့ဆီကနေ ကိုရီးယားစကားကို၂ နှစ်နီးပါးလောက်သင်ကြားခဲ့ပြီးကိုရီးယားရဲ့ယဉ်ကျေးမှုတွေကိုသိအောင် လေ့လာခဲ့ပါတယ်။သူ့ရဲ့ ပထမဆုံးဖြတ်သန်းရတဲ့ ခရစ်စမတ်ကအရမ်းကိုအထီးကျန်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်။သူက သူ့ရဲ့မိသားစုကို အရမ်းသတိရပြီးလွမ်းလို့ ငိုတောင်ငိုခဲ့ပါတယ်။စရောက်တုန်းကသူငယ်ချင်းတောင်မရှိခဲ့ပါဘူးတဲ့။သူ့ရဲ့ တစ်ယောက်တည်းသောသူငယ်ချင်းကကမ်းယန်ကလာတဲ့သူတစ်ယောက်ပဲရှိပါတယ်။သူတို့အပြင်သွားတဲ့အခါတိုင်းလူတွေက သူတို့နဲ့စကားမပြောချင်ခဲ့ပါဘူး။ကားစီးရင်လည်းသူတို့အနောက်မှာမထိုင်ကြပါဘူး။ဘာလို့လဲဆိုတော့သူကလူမည်းတစ်ယောက်ဖြစ်လို့ ခွဲခြားဆက်ဆံတာပါတဲ့။ရိုးသားတဲ့ကလေးလေးတွေကတော့သူ့ရဲ့အသားကိုချောကလက်ထင်လို့လာထိခဲ့ကြပါသေးတယ်လို့ပြောပြခဲ့ပါတယ်။

သူကကိုရီးယားလူမျိုးတွေနဲ့ ရင်းနှီးအောင် သူတို့ရဲ့ ယဉ်ကျေးမှုတွေကို သေချာလေ့လာခဲ့ပေမဲ့နောက်ဆုံးမှာ သူက ကိုရီးယားရဲ့ နာမည်ကြီးတစ်ယောက်ဖြစ်ဖို့ စပြီးလှုပ်ရှားခဲ့ပါတယ်။ ၂၀၁၃မှာ Island Village Teachers အစီအစဉ်မှာ ပါဝင်ခဲ့ပြီး Hello Counselor အစီအစဉ်မှာလည်းထပ်ပြီးပါဝင်ခဲ့ပါတယ်။တီဗီအစီအစဉ်တစ်ခုလုပ်တာက ပိုက်ဆံအတွက်မဟုတ်ပါဘူးတဲ့။နည်းပညာတွေထဲမှာမီဒီယာက အမြန်ဆုံးနဲ့အထိရောက်ဆုံးလူတွေကို အကျိုးပြုနိုင်လို့ပါလို့ပြောခဲ့ပါတယ်။သူကသူ့ရဲ့ကိုယ်ပိုင်တင်ဆက်မှုအစီအစဉ်ကို ကြိုးစားလုပ်ခဲ့ပါတယ်။သူက ကိုရီးယားမှာ အမြဲတမ်းနေဖို့အစီအစဉ်မရှိပါဘူးတဲ့၊သူကလူတွေကိုအကျိုးပြုတဲ့အလုပ်တွေကိုအများကြီးလုပ်ပြီး သူ့ရဲ့မွေးရပ်မြေဂါနာကို ပြန်ပြီးကူညီနိုင်ဖို့စဉ်းစားထားပါတယ်လို့သိရပါတယ်။သူ့ရဲ့မွေးရပ်မြေဂါနာနဲ့ကိုရီးယားနိုင်ငံကြားမှာတံတားဆောက်ဖို့အတွက်သူကအကူအညီပေးမယ်လို့ပြောခဲ့ပါတယ်။ကိုရီးယားနိုင်ငံ အစိုးရကသူ့ကိုအများကြီးကူညီခဲ့တယ်လို့သိရပါတယ်။သူက တီဗီအစီအစဉ်တွေလုပ်ပြီး လူသိများလာအောင်လုပ်တာဟာသူ့ရဲ့ အကြီးဆုံးလှုပ်ရှားမှုတစ်ခုပဲလို့ပြောပြခဲ့ပါတယ်။အခု ကိုရီးယားမှာ သူကနာမည်အကြီးဆုံးသူတစ်ယောက်ဖြစ်နေပြီးသူ့ရဲ့ပရိတ်သတ်တွေကလည်း အများကြီးပါပဲ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations