အမေဖြစ်သူက သားရဲ့မျက်နှာအတိုင်း ပုံဖော်ထားတာတဲ့။

ဘာမင်ဟန်မြို့ကမီရှယ်ဖိုလေဆိုတဲ့အမျိုးသမီးဟာအနုပညာတက္ကသိုလ်က ဘွဲ့ရထားတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပြီးသူမရဲ့အိမ်ခြံစည်းရိုးနားက ချုံပုတ်ကိုသူမရဲ့သားဘရန်နမ်ရဲ့မျက်နှာပုံစံအတိုင်းလိုက်ညှပ်ထားတာပါ။ဘရန်နမ်ကအသက် ၂၁ နှစ်ဖြစ်ပြီး ကတ်ဒစ်တက္ကသိုလ်မှာနောက်ဆုံးနှစ်တက်နေပါတယ်။ချုံပုတ်က ၁၂ ပေလောက်ရှည်တဲ့အတွက်သားဖြစ်သူဘရန်နမ်ရဲ့ နှစ်ဆတောင်ရှိတယ်လို့သိရပါတယ်။

သူမရဲ့သမီးဖြစ်သူကတော့ကြောက်ဖို့ကောင်းတယ်လို့ပြောခဲ့ပါတယ်။မီရှယ်ကတော့နောက်ထပ်ချုံပုတ်တွေရှိလာရင်လည်း မိသားစုထဲက သူတွေရဲ့  မျက်နှာပုံစံတွေအတိုင်း ညှပ်အုံးမယ်လို့ပြောခဲ့ပါသေးတယ်။အခုချုံပုတ်မှာလည်း သူမရဲ့ သားမျက်နှာပုံစံဖြစ်ပေမဲ့ တစ်ခုတော့ကျန်ခဲ့ပါတယ်။မျက်မှန်ပါ။သူမကအဲ့ဒီမျက်မှန်ကိုလည်း ပလတ်စတစ်တွေနဲ့ ပုံဖော်သွားမယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations