မိုးတွေရွာနေတယ်ဆိုပြီး ကားထဲကနေမထွက်ပဲ ကားကိုစတိုးဆိုင်ထဲမောင်းလာခဲ့တာပါ။

တရုတ်နိုင်ငံ၊ဇန်ဂျင်းမြို့မှာဖြစ်ခဲ့တာပါ။ကားမောင်းသမားက မိုးရွာနေတယ်ဆိုပြီး ကားထဲကနေမထွက်ပဲ အနားက စတိုးဆိုင်ထဲကိုကားမောင်းဝင်လာခဲ့ပါတယ်။စတိုးဆိုင်ကအရောင်းသမားက ကောင်တာကနေထွက်လာပြီးကားကိုအပြင်ကိုမောင်းဖို့ပြောပေမဲ့ ကားသမားက ထွက်မသွားပဲကားထဲကနေ သရေစာမုန့်နဲ့ အရက်တစ်လုံးကိုတောင် သက်တောင့်သက်သာထိုင်ပြီး ၀ယ်ခဲ့ပါသေးတယ်။ပြီးတော့မှမောင်းထွက်သွားခဲ့တာပါ။သူ့ရဲ့ဆိုင်က စီစီတီဗီကနေ ရိုက်ထားခဲ့တဲ့ဗီဒီယိုကို အွန်လိုင်းပေါ်တင်ခဲ့ရာကြည့်တဲ့သူက ၁၀ သန်းကျော်တောင်ရှိတယ်လို့သိခဲ့ရပါတယ်။

 

 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations