စားပြီးရင် အီစိမ့်မနေပဲ ခံတွင်းရှင်းစေမယ့် အချိုပွဲလေးပါ။

အခုအချိုးအစားအတိုင်းဆိုရင်တော့သံပုရာကရင်မ်အချိုပွဲခွက်သေးလေးခွက်စာရပါတယ်။တစ်ယောက်စာပဲဆိုရင်တော့အချိုးအစားရဲ့ တစ်ဝက်လျှော့ပြီးလုပ်ပါ။

 ခွက်အကြီးတစ်ခွက်အပြည့်ဒက်ဘယ်လ်ကရင်မ်

ခွက်သေးတစ်ခွက်စာသကြားအဖြူ

သံပရာသီး၂ လုံး

သံပုရာသီးအခွံ

ဘယ်လိုလုပ်ရမလဲဆိုတော့

ပထမဆုံးပုံမှာပြထားတဲ့အိုးအသေးလေးထဲကိုကရင်မ်နဲ့သကြားတွေကိုထည့်လိုက်ပါ။သကြားတွေပျော်တဲ့အထိအပူပေးပြီးမွှေပါ။ပြီးတော့ သံပုရာသီး၂လုံးကိုညှစ်ထည့်ပါ။ပြီးတော့ မီးကိုအရမ်းမဖွင့်ထားပဲပျစ်လာတဲ့အထိ မွှေပေးပါ။ပျစ်လာပြီဆိုရင်တော့ ခွက်ထဲကိုထည့်ပြီး ရေခဲသေတ္တာထဲ၅ နာရီကြာအောင်ထည့်ထားပါ။ပြီးရင်တော့အရသာရှိတဲ့သံပရာကရင်မ်ပူတင်းကိုစားလို့ရပါပြီ။အလှဆင်ချင်တယ်ဆိုရင်တော့အပေါ်ကနေကရင်မ်နည်းနည်းလေးထည့်ပြီးသံပုရာခွံလေးတွေတင်လို့ရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations