၁၉၉၅ခုနှစ်ကထွက်တဲ့Mosquitoကားပါ။ဒါရိုက်တာဂယ်ရီဂျုန်းရိုက်ကူးထားတဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ဒီကားမှာတော့ကြောက်စရာကောင်းလှတဲ့ခြင်အကြီးကြီးတွေက
လူတွေကိုသေစေလောက်တဲ့အန္တရာယ်ပေးကြတဲ့အကြောင်းကိုရိုက်ကူးထားတာပါ။
၂၀၀၇ခုနှစ်က Black sheep ဆိုတဲ့ကားကလည်းကြောက်စရာအကောင်းဆုံးကားဖြစ်ပြီး ဒေါ်လာ၎.၉သန်းတောင်ဝင်ငွေရရှိခဲ့ပါတယ်။အသားစားသိုးမည်းတွေရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ရုပ်ရှင်ကားကောင်းပါပဲ။
၁၉၉၇ ခုနှစ်ကထွက်တဲ့ Anaconda ဆိုတဲ့မြွေကားက ဂျန်နီဖာလိုပက်စ်၊အိုက်စ်ခရုတို့ပါဝင်ရိုက်ကူးထားတာပါ။ပုံကိုကြည့်တာတောင် တော်တော်ကြောက်ဖို့ကောင်းနေပါပြီ။
၁၉၇၅ခုနှစ်ကရိုက်တဲ့Jawsဆိုတဲ့ငါးမန်းရုပ်ရှင်ကားကိုကြည့်ပြီးရင်ကမ်းခြေနားမှာထိုင်ပြီးခြေထောက်လေးတောင်ချရဲမှာမဟုတ်ပါဘူး။
၁၉၉၉ခုနှစ်ကရိုက်ကူးခဲ့တဲ့ Lake Placid ဆိုတဲ့မိကျောင်းကားပါ။အဲ့ဒီကားကိုကြည့်ပြီးတော့အိပ်မက်ဆိုးတွေတောင်မက်ကြတယ်လို့ ပြောရလောက်တဲ့အထိ ကြောက်ဖို့ကောင်းပါတယ်။
Facebook Conversations