ဒီလိုလှပတဲ့နေရာတွေကို သွားလည်ဖြစ်ရင် ဓာတ်ပုံလှလှလေးတွေရိုက်ဖို့မမေ့ကြနဲ့နော်။

ပိုလန်နိုင်ငံ၊ပိုစ်နမ်မြို့က စတယ်ရီရိုင်နက်ခ်စကွဲလ်လို့ခေါ်တဲ့နေရာလေးကတော့ အိမ်တွေ၊အဆောက်အဦးတွေအကုန်လုံးရောင်စုံခြယ်ထားတဲ့လှပတဲ့မြို့လေးပါ။

စကာင်္ပူနိုင်ငံကအယ်ကတ်ဖ်တံတား

၁၉၉၇ခုနှစ်တည်းကတည်ဆောက်ထားခဲ့တာပါ။ဖိလစ်ပိုင်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ပက်စီတာအဲဘတ်ကရေးဆွဲခဲ့တာသိပ်မကြာသေးပါဘူး။သူမက ဒီလိုအရောင်တွေရေးစပ်ဖို့အတွက် ဆေးရည် ၈၀၀လီတာတောင်သုံးခဲ့ရပါတယ်။

 

ကယ်လီဖိုးနီးယားကဆာဂူအာရိုဟိုတယ်

ဆာဂူအာရိုဟိုတယ်မှာအခန်းပေါင်း ၂၄၅ ခန်းရှိပါတယ်။အခန်းတွေအကုန်လုံးမှာဆေးတွေရောင်စုံခြယ်ထားပြီး သဘာဝရှုခင်းတွေနဲ့ လှပတဲ့ဟိုတယ်တစ်လုံးပါပဲ။ကယ်လီဖိုးနီးယားကိုရောက်ရင် ဒီဟိုတယ်မှာတည်းဖို့မမေ့နဲ့နော်။

အီတလီနိုင်ငံကဗန်နီတီယမ်မြို့လေးမှာတော့ ကမ္ဘာပေါ်ကရှိသမျှအရောင်တွေလာစုနေတယ်လို့တောင်ထင်ရပါတယ်။အဆောက်အဦးတွေတစ်ခုချင်းစီကိုမတူတဲ့အရောင်တွေနဲ့စပ်ထားပေမဲ့ ရုပ်ဆိုးမသွားပဲ ပိုတောင်လှပနေတာကိုတွေ့ရပါတယ်။

ဂရင်းလန်နိုင်ငံကနုခ်

ရေခဲတွေနဲ့ဖုံးလွှမ်းနေတဲ့နေရာမှာတောင်အရောင်တွေရောစပ်ပြီး သူတို့ရဲ့အိမ်ကိုအလှဆင်ထားပါတယ်။

 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations