တက်စ်ဆက်ပြည်နယ်၊ဟောက်စ်တန်မြို့မှာ ဖြစ်ပွားခဲ့တာပါ။

အဖေက၁၀လသားအရွယ်သာရှိသေးတဲ့သားဖြစ်သူ မက်စ်စီဂျက်စတစ်မာရှယ်ကို လမ်းလျှောက်သင်ပေးဖို့တိုက်ခန်းအပြင်ဘက်ကိုထွက်လာခဲ့ပါတယ်။သူကကလေးကိုလမ်းလျှောက်သင်ပေးနေတုန်း လူသုံးယောက်က သူတို့နေရာနားကိုပြေးလာခဲ့တာကိုတွေ့ရပါတယ်လို့ပြောခဲ့ပါတယ်။သုံးယောက်ထဲကတစ်ယောက်ကသူတို့ဆီကို သေနတ်နဲ့လှမ်းပစ်လိုက်တဲ့အခါမှာ ကလေးကိုထိသွားခဲ့ပါတယ်။အဖေဖြစ်သူက ကလေးကိုချီပြီး နီးစပ်ရာရဲစခန်းကိုသွားပြီးပြောပြခဲ့တဲ့အခါမှာတော့ရဲတွေကလည်းသူတို့သုံးယောက်ကိုလိုက်ရှာခဲ့ပါတယ်။ဒါပေမဲ့အပြစ်မဲ့တဲ့ကလေးကတော့ ဆေးရုံမရောက်ခင်သေဆုံးသွားခဲ့ပါတယ်။အဘိုးဖြစ်သူကတော့ သူတို့ရဲ့အပြစ်မဲ့ပြီးချစ်စရာကောင်းလှတဲ့မြေးလေးကိုဆုံးရှုံးလိုက်ရတဲ့အတွက်အရမ်းကိုဝမ်းနည်းနေပါတယ်လို့သိရပါတယ်။လူဆိုးတွေကိုအမြန်ဆုံးဖမ်းမိဖို့လည်းမျှော်လင့်ပါတယ်လို့ပြောပြခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations