Disney Channel က ဟောလိဝုဒ်ကနာမည်အကြီးဆုံးသရုပ်ဆောင်တွေထွက်ပေါ်လာတဲ့ အကြီးဆုံးရုပ်သံလိုင်းတွေထဲတစ်ခုပါ။

ဘရစ်တနီစပီးယားနဲ့ဂျက်စတင်တင်းဘားလိတ်ခ်

သူတို့အတွဲကတော့၁၉၈၉ ခုနှစ်က ဒစ်စနေးချန်နယ်လ်က ရိုက်ကူးတဲ့ The All New Micky Mouse Club ဇာတ်လမ်းတွဲမှာစတွေ့ခဲ့ကြတာပါ။သူတို့က၁၉၉၉ခုနှစ်မှာစတွဲခဲ့ပြီးတစ်နှစ်ကျော်ကြာမှပရိတ်သတ်ကိုအသိပေးခဲ့ပါတယ်။၂၀၀၂ ခုနှစ်မှာတော့ပြတ်စဲခဲ့ကြပါတယ်။သုံးနှစ်ကြာအောင်တွဲခဲ့ပြီး ပရိတ်သတ်တွေရဲ့ ပါးစပ်ဖျားမှာ ခုချိန်ထိစွဲနေတဲ့လိုက်ဖက်တဲ့အတွဲပါပဲ။

နစ်ခ်ဂျိုနပ်စ်နဲ့မိုင်လေဆိုင်းရပ်စ်

သူတို့ကတော့ဒစ်စနေးချန်နယ်ရဲ့ နာမည်အကြီးဆုံးအတွဲတွေထဲက တစ်တွဲပါ။သူတို့က ၂နှစ်ကြာအောင်တွဲခဲ့ကြပါတယ်။၂၀၀၉တည်းက ပြတ်စဲသွားခဲ့ပြီး အခု မိုင်လေဟာ သူမရဲ့အချစ်စစ် လီယန်ဟမ်စ်ဝါးသ်နဲ့ စေ့စပ်ဖို့စီစဉ်နေပြီလို့သိရပါတယ်။

ဂျိုးဂျိုနပ်စ်နဲ့ဒေမီလိုဗက်တို

သူတို့က၂၀၀၇ တုန်းက ဒစ်စနေးချန်နယ်ကရိုက်ကူးခဲ့တဲ့ Camp Rock ရုပ်ရှင်မှာ ပါဝင်ခဲ့ပြီး ၂၀၁၀ထိ လက်တွဲခဲ့ကြပါတယ်။အခုတော့ သူတို့က သူငယ်ချင်းတွေဖြစ်နေပြီလို့သိရပါတယ်။

ဘရစ်ဂျစ်မမ်ဒလာနဲ့ရှိန်းန်ဟာပါ

Good Luck Charlie ဆိုတဲ့ရှိုးပွဲမှာတွေ့ပြီး လေးနှစ်ကြာအောင်ချစ်သူတွေဖြစ်ခဲ့ကြပါတယ်။၂၀၁၅မှာတော့ ပြတ်ခဲ့ကြပြီး သူမက အခုတော့တစ်ယောက်တည်းပါပဲလို့ ဘရစ်ဂျစ်က သူမရဲ့အင်တာဗျူးမှာပြောခဲ့ပါတယ်။သူမရေးခဲ့တဲ့ Atlantisဆိုတဲ့သီချင်းက သူတို့နှစ်ယောက်လမ်းခွဲကြတာနဲ့ပတ်သက်ပြီးရေးခဲ့တာလို့လည်းသိရပါတယ်။

ဒက်ဖ်ကမ်မရွန်နဲ့ရိုင်ယန်အမ်မ်စီကာတင်

သူတို့နှစ်ယောက်ကတော့ဒက်ဖ်ရဲ့ရှိုးပွဲမှာ စတွေ့ခဲ့ပြီး ၂၀၁၃ မှာ သူတို့ရဲ့အချစ်ရေးကို ပရိတ်သတ်တွေဆီချပြခဲ့ပါတယ်။၂၀၁၆ဧပရယ်မှာ စေ့စပ်ခဲ့ပါတယ်။ဒါပေမဲ့ ၆လအကြာမှာ အကြောင်းအမျိုးမျိုးကြောင့်ဖျက်သိမ်းခဲ့ပါတယ်။ရိုင်ယန်ကတော့သူတို့ကတစ်ယောက်နဲ့တစ်ယောက်ချစ်နေကြတုန်းပါပဲ၊ခုလိုခွဲရတာဟာ အရမ်းကိုနာကျင်ရပါတယ်လို့တွစ်စ်တာမှာရေးခဲ့တယ်လို့သိရပါတယ်။

ဇက်စ်အဲဖရွန်နဲ့ဗယ်နီဇာဟက်ဒ်ဂျင်းစ်

သူတို့က၂၀၀၆ ခုနှစ်ကရိုက်တဲ့ High School Musical မှာစတွေ့ခဲ့ပြီး မကြာခင်မှာပဲ ချစ်သူဖြစ်ခဲ့ကြပါတယ်။သူတို့ရဲ့ချစ်သူသက်တမ်းကတော့ ၂၀၁၀ မှာပြီးဆုံးခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations