နောက်ခံသီချင်းကိုတောင် ရုပ်ရှင်ကြည့်နေရင်း မျက်စိထဲမှာမြင်ယောင်လာအောင်ဖန်တီးခဲ့တာပါ။

၃၁နှစ်အရွယ် တီနိုဂူရို လို့ခေါ်တဲ့အမျိုးသမီးက ရှန်ဟိုင်းမှာမှာနေခဲ့ပြီး သုံးနှစ်သမီးအရွယ်တည်းကသူမရဲ့အဖေဆီက  တယောပုံစံဆယ်လိုဂစ်တာတီးတာကိုစသင်ခဲ့ပါတယ်။ယူအက်စ်စီက သော်တန်မြူးဇစ်တက္ကသိုလ်မှာတက်ခဲ့ပြီး ဆယ်လိုပညာရှင် အဲလီရိုနိုရာစကိုးလ်ဖီးလ်နဲ့ နက်သန်နီရယ်လ်ရိုဇန်တို့ဆီမှာ စကော်လားရှစ်အပြည့်ရပြီး သင်ယူခဲ့ပါတယ်လို့သိရပါတယ်။ဂူရိုရဲ့အရည်အချင်းကို Batman v Superman နောက်ခံသီချင်းရေးသားခဲ့တဲ့ဟမ်းစ်ဇင်းမားကသတိထားမိခဲ့ပြီးWonder Woman နောက်ခံသီချင်းအတွက် ရေးဖို့အားပေးခဲ့တာပဲဖြစ်ပါတယ်။

သူမဆယ်လိုကိုစတီးလိုက်တဲ့အချိန်မှာပဲ သူမက Wonder Woman ဖြစ်လာခဲ့တယ်လို့ ဟမ်းစ်က ချီးကျူးခဲ့ပါတယ်။သူမကရုပ်ရှင်အတွက်သီချင်းကို မျက်စိထဲမှာမြင်ယောင်လာအောင် ပိုပြီးကောင်းမွန်တဲ့တီးလုံးတွေနဲ့ပြောင်းလဲခဲ့ပါတယ်။သူမကမယုံနိုင်လောက်အောင်ကောင်းမွန်တဲ့သီချင်းတွေနဲ့ တခြားပြိုင်ပွဲသီချင်းတွေကိုပါ သူမရဲ့ယူကျူ့မှာတင်ထားပါတယ်။သူမရဲ့သီချင်းပုံစံက ရှားလော့ခ်ဟုမ်း၊အင်ဆက်ရှင်၊အိုင်းယွန်းမန်း၊ဖက်စ်တ်ဖိုက်၊အိတ်စ်မန်း၊ဖက်စ်တ်ကလက်စ်စတဲ့ တီဗီရှိုးတွေ၊ဗီဒီယိုဂိမ်းတွေမှာလည်းထူးထူးခြားခြားနဲ့ဆွဲဆောင်မှုရှိတာကိုတွေ့ရမှာပါ။

တခြားနာမည်ကြီးအနုပညာရှင်တွေဖြစ်တဲ့ဂျွန်လီဂန်၊စီအာရာ၊ဒေးဗစ်အာချုလီတာနဲ့ဘစ်ခ်ျကေအာအိုင်တီတို့နဲ့လည်းသီချင်းပေါင်းများစွာလုပ်ခဲ့ဖူးတယ်လို့သိရပါတယ်။

ဂျူရိုရဲ့အမျိုးသားကတော့ အီလက်ထရောနစ်ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ ရေအာမန်ဒိုမိုရာဘစ်တိုပါ။Wonder Woman ရုပ်ရှင်က ဒီနှစ်ရုပ်ရှင်တွေထဲမှာ မယုံကြည်နိုင်လောက်အောင်ကောင်းမွန်တဲ့ဇာတ်ကားတစ်ကားပါ။တီနိုဂျုရိုရဲ့နောက်ခံသီချင်းကလည်းပရိတ်သတ်တွေရဲ့ အကြိုက်ဖြစ်လာခဲ့ပြီးတော့ နေရာအနှံ့က ပရိတ်သတ်တွေက Wonder Womanနဲ့ပတ်သက်တဲ့သတင်းမှန်သမျှကိုစောင့်ပြီးနားထောင်နေကြတယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations