Miss Grand International Myanmar 2017 ပြိုင်ပွဲက Miss တစ်ယောက်ဖြစ်တဲ့ရွှေအိမ်စည်ဟာ အင်းစိန်ထောင်တွင်းမှာမွေးဖွားခဲ့တဲ့ကလေးတွေနဲ့ ကလေးတွေရဲ့အမေတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ရွှေအိမ်စည်က သူမရဲ့wall ပေါ်မှာ "အင်းစိန်ထောင်အတွင်းမွေးဖွားခဲ့တဲ့ကလေးတွေ၊သူတို့မိခင်တွေကို သွားရောက်လှူဒါန်းမှုမပြုခင် ထောင်ဘူးဝမှာ အမှတ်တရ "ဆိုပြီး သူမရဲ့သူငယ်ချင်းတွေနဲ့ဓာတ်ပုံအတူရိုက်ပြီးတင်ခဲ့ပါတယ်။သူမက နှင့်နေရာမှာ ပုဒ်ကလေးကိုသုံးပြီးရေးလိုက်တဲ့အတွက်မြန်မာစာကိုတောင်မှန်အောင်မရေးနိုင်ဘူးလို့ပြောကြတဲ့သူတွေရှိသလို သူတို့ကို ထောင်ထဲမှာမွေးတဲ့ကလေးတွေလားဆိုပြီးအထင်မှားကြတဲ့သူတွေရှိတာကိုလည်းတွေ့ရပါတယ်။

"နှင့်ဆိုတဲ့နေရာမှာပုဒ်ကလေးကိုအစားထိုးပြီးသုံးသွားတာပါ။အင်းစိန်ထောင်အတွင်းမွေးဖွားခဲ့တဲ့ကလေးတွေ၊သူတို့မိခင်တွေကိုဆိုတဲ့စကားမှာ ပုဒ်ကလေးက နှင့်ဆိုတဲ့စကားလုံးနဲ့အတူတူပါပဲ။စာရဲ့အဓိပ္ပာယ်က အင်းစိန်ထောင်အတွင်းမွေးဖွားခဲ့တဲ့ကလေးတွေနှင့်သူတို့မိခင်တွေကို သွားရောက်လှူဒါန်းမှုမပြုခင် ထောင်ဘူးဝမှာ အမှတ်တရဆိုတဲ့သဘောပါပဲ။ပုဒ်ကလေးကိုများသောအားဖြင့် အမျိုးအစားတူတာတွေသုံးတဲ့နေရာမှာ သုံးကြပါတယ်။ဥပမာ သီးစုံဖျော်ရည်တစ်ခွက်မှာဖရဲသီးနှင့်သရက်သီးနှင့် နာနတ်သီးနှင့်ပန်းသီးတို့ပါဝင်သည်အစား သီးစုံဖျော်ရည်တစ်ခွက်မှာဖရဲသီး၊သရက်သီး၊နာနတ်သီးနှင့်ပန်းသီးတို့ပါဝင်သည်လို့ပဲသုံးကြတယ်"လို့နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မျိုးကိုကိုစန်းကသူသိသလောက်မြန်မာစာကိုsharingလုပ်ခဲ့တယ်လို့လည်းသိရပါတယ်။တစ်ချို့သူတွေကတော့သူတို့ကထောင်ထဲမှာကြီးပြင်းလာရပေမဲ့ ခုလိုmiss ဖြစ်အောင်ကြိုးစားနိုင်ခဲ့ကြလို့ ဂုဏ်ယူမိပါတယ်လို့ရေးထားတယ်လို့လည်းသိရပါတယ်။မြန်မာစကားက နားလည်ရလွယ်ပေမဲ့ အထားအသိုအဖြတ်အတောက်မှားရင် ဖတ်ရတဲ့သူတွေကိုတစ်မျိုးအထင်လွဲစေနိုင်ပါတယ်လို့ပုံရဲ့အောက်မှာ ကွန်းမန့်တွေပေးထားတာကိုလည်းတွေ့ရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations