ဘီယွန်စေးဟာ အမြွာလေးတွေဖြစ်တဲ့ သားလေးတစ်ယောက်၊သမီးလေးတစ်ယောက်မွေးဖွားခဲ့တယ်လို့သိရပါတယ်။

အမေရိကန်အဆိုတော်တစ်ယောက်ဖြစ်တဲ့ဘီယွန်စေးဟာ ဇွန်လ ၁၂ ရက်၊တနင်္လာနေ့က လော့စ်အိန်ဂျလီစ်ဆေးရုံမှာသားလေးတစ်ယောက်၊သမီးလေးတစ်ယောက်မွေးဖွားခဲ့ပါတယ်။ဘီယွန်စေးရဲ့သမီးအကြီးဆုံးဖြစ်တဲ့ဘလူးအိုင်ဗီဟာ သူမရဲ့မောင်နှမတွေဖြစ်တဲ့ကလေးတွေနဲ့အတူဆေးရုံမှာ ရှိနေတယ်လို့သိရပါတယ်။ဘီယွန်စေးကသူမရဲ့သမီးအကြီးဆုံးဖြစ်တဲ့ ဘလူးအိုင်ဗီကို ၂၀၁၂ မှာ မွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

ကလေးတွေနဲ့သူတို့ရဲ့အမေ ဘီယွန်စေးက ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ခဏနေနေရတယ်လို့သိရပါတယ်။ဘီယွန်စေးရဲ့အဖေဖြစ်သူမက်သရူးနောလဲစ်ကလည်း အမြွာကလေးနှစ်ယောက်အတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးပြီး သူ့ရဲ့တွစ်စ်တာပေါ်မှာ တင်ခဲ့ပါတယ်။သူမရဲ့ပရိတ်သတ်တွေကလည်း ဘီယွန်စေးနဲ့ ဂျေဇက်ကို ဂုဏ်ပြုစကားပြောခဲ့ကြပြီးပျော်ရွှင်တဲ့မိသားစုဖြစ်ပါစေလို့ဆုတောင်းပေးခဲ့ကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations