Running Man ၇ ယောက်ထဲမှာဆို သူ့ကိုပိုပြီးချစ်ကြတဲ့သူတွေအများကြီးရှိတယ်လို့သိရပါတယ်။

Running Man ထဲမှာအမြဲတမ်းသစ္စာဖောက်ပြီး သူလုပ်သမျှကရယ်စရာဖြစ်နေတတ်တာကို သူ့ရဲ့ပရိတ်သတ်ကသိကြမှာပါ။သူကတော့ သစ်ကုလားအုတ်လို့သိကြတဲ့ လီကွမ်ဆူပါ။အရမ်းနာမည်ကြီးခဲ့တဲ့ Descendants of the sun ဇာတ်ကားမှာလည်း ပါဝင်ခဲ့ပါသေးတယ်။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ဆောင်ဂျွန်ကီနဲ့အတူThe Innocent Man မှာလည်း အတူသရုပ်ဆောင်ခဲ့ပါတယ်။ဇာတ်ကားပေါင်း ၂၀လောက်ရိုက်ကူးခဲ့ပြီးအခု variety show ဖြစ်တဲ့ Running Manမှာလည်းပါဝင်နေတုန်းပါ။သူရဲ့ပရိတ်သတ်တွေကအာရှမင်းသားလေးလို့လည်းနာမည်ပြောင်ပေးထားပါတယ်။သူ့ရဲ့အရပ်က၆ပေ ၄လက်မတောင်ရှိတယ်လို့သိရပါတယ်။သူဟာ Blue Dragon ရုပ်ရှင်ရဲ့ အကောင်းဆုံးမင်းသားဆုကိုရခဲ့ပြီးရုပ်ရှင်မင်းသားတွေထဲမှာ နာမည်အကြီးဆုံးဆုကိုလည်းရခဲ့ဖူးသူပါ။

အခုလည်းတီဗီဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ It’s Okay,That’s Love’ ? ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ဇာတ်ညွှန်းဆရာကနိုဟီဂျောင်ဖြစ်ပြီး မင်းသမီးဂျောင်ယွန်မီ၊ဂျိုအင်ဆောင် နဲ့ မင်းသား ဘေဆောင်ဝူးနဲ့တခြားအနုပညာရှင်တွေလည်းပါဝင်သရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ဒီဇာတ်ကားမှာ လီကွမ်ဆူဟာရဲအရာရှိတစ်ယောက်အဖြစ်သရုပ်ဆောင်ထားတာပါ။ဟာသဇာတ်လမ်းတွဲတွေမှာလည်းပီပြင်အောင်သရုပ်ဆောင်နိုင်ပြီးတခြားကာရိုက်တာတွေမှာလည်း ဘာတစ်ခုမှမလစ်ဟင်းအောင် သရုပ်ဆောင်နိုင်တဲ့ သဘာဝမင်းသားတစ်ယောက်မို့လို့ဒီကားမှာလည်း သူ့ရဲ့သရုပ်ဆောင်မှုကကောင်းမယ်ဆိုတာ ခန့်မှန်းစရာတောင်မလိုဘူးလို့ သူ့ရဲ့ပရိတ်သတ်တွေကပြောခဲ့ကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations