အီးမေးလ်အဟက်ခံလိုက်ရပြီးငွေရေးကြေးရေးအငြင်းအခုံဖြစ်ကြတဲ့အကြောင်းတွေပေါ်လာခဲ့တာပါ။

ပြဿနာပေါင်းများစွာနဲ့ ဂျွန်နီဒက်ပ် ကတော့ သူ့ရဲ့ အီးမေးလ်အကောင့်ကို ခိုးယူခြင်းခံခဲ့ရပြီး သူ့ရဲ့ ဘဏ္ဍာရေးနဲ့ဆိုင်တဲ့ လျို့ဝှက်ကိစ္စတွေ ပေါက်ကြားသွားခဲ့ပါတယ်။ အီးမေးလ်ထဲမှာတော့ ဂျွန်နီဒက်ပ် နဲ့သူ့ရဲ့အရင်မန်နေဂျာ ဂျိုးလ်မန်ဒယ် တို့ကြားက ငြင်းခုံမှုတွေကိုတွေ့ရပါတယ်။သူတို့နှစ်ယောက်ကငွေရေးကြေးရေးနဲ့ပတ်သက်ပြီးအများကြီးပြောခဲ့ကြတယ်လို့သိရပါတယ်။မန်နေဂျာဟောင်းဂျိုးလ်မန်ဒယ်က ဒက်ပ် ကို အားလပ်ရက်လျှောက်သွားတဲ့အခါမှာ ငွေကြေးကိုသင့်တင့်မျှတအောင်သုံးဖို့ပြောခဲ့ပါတယ်။သူတို့ကြားထဲမှာငွေကြေးမလုံလောက်တော့ဘူးလို့ပြောခဲ့ပါတယ်။ချေးငှားထားတဲ့ငွေတွေကိုပြန်ပေးနိုင်ဖို့တစ်ခုခုလုပ်ရမယ်၊ငွေရေးကြေးရေးနဲ့ပတ်သက်ပြီးအရင်လိုတည်ငြိမ်အောင်ပြန်လုပ်ရမယ်လို့ပြောထားတာတွေ့ရပါတယ်။ဒါပေမဲ့ ဒက်ပ်က အားလပ်ရက်ကို အကောင်းဆုံးအသုံးချခဲ့ပြီး ဒါက သူအလုပ်နိုင်ဆုံးအရာတစ်ခုပဲလို့ပြောခဲ့ပါတယ်။သူက သူ့ရဲ့ကလေးတွေကို အကောင်းဆုံးတွေပေးနိုင်ဖို့လိုအပ်တယ်လို့လည်းပြောခဲ့ပါတယ်။

သူတို့အငြင်းအခုံတွေဖြစ်ကြပြီးဒက်ပ်က မန်ဒယ်ကို သူဘာလုပ်ပေးနိုင်မှာလဲ၊သူ့မှာရှိတဲ့ပစ္စည်းတွေကို ရောင်းစေချင်တာလားလို့မေးခဲ့ပါတယ်။သူ့မှာစက်ဘီးတွေ၊ကားတွေ၊ရွှေတွေ၊စာအုပ်တွေ၊ပန်းချီကားတွေနဲ့တခြားအဖိုးတန်ပစ္စည်းတွေအများကြီးရှိပါတယ်။သူကသူ့ရဲ့ပစ္စည်းတွေကိုရောင်းဖို့ကြိုးစားခဲ့ပါတယ်။ အရင်တုန်းက ဒက်ပ်က ဘဟားမားမှာရှိတဲ့ကျွန်းကိုဒေါ်လာ ၅.၃သန်းနဲ့ဝယ်ခဲ့တယ်လို့သိရပါတယ်။အခုဆိုအရမ်းကို တန်ဖိုးရှိနေပါပြီ။ပြီးတော့ဘက်စ်ကွက်ပန်းချီကားတွေကို ဒေါ်လာအနည်းငယ်နဲ့ဝယ်ခဲ့ရပြီး အခု ဒေါ်လာ ၁၄သန်းနဲ့ပြန်ရောင်းခဲ့တယ်လို့သိရပါတယ်။ဒက်ပ်ကသူ့ရဲ့        ၀န်ထမ်းတွေအတွက် တစ်နှစ်ကို ဒေါ်လာ ၃.၆ သန်း၊၀ိုင်ပုလင်းတွေအတွက် တစ်လကို ဒေါ်လာ၃၀၀၀၀ ၊သူ့ရဲ့အရင်ဇနီးအတွက် ဒေါ်လာ ၄၀၀၀၀၀ တန်ဖိုးရှိတဲ့ စိန်လည်ဆွဲ၊သူငယ်ချင်းဖြစ်သူစာရေးဆရာဟန်တာသော်ပ်ဆင်အတွက် အရိုးပြာပစ်ဖို့ ဒေါ်လာ ၅သန်းကို သုံးခဲ့တယ်လို့သိရပါတယ်။ဒက်ပ် ရဲ့နောက်အစီအစဉ်တွေဖြစ်တဲ့ The Tourist မှာ သူက ဒေါ်လာသန်း ၂၀၊Pirates 4 အတွက် ဒေါ်လာ ၃၅သန်း၊DarkShawdowsအတွက်ဒေါ်လာသန်း၂၀သရုပ်ဆောင်ကြေးရလိမ့်မယ်လို့ပြောပြခဲ့ပါတယ်။အရာအားလုံးကိုအဆင်ပြေအောင်ပြန်လုပ်မယ်လို့ပြောပြခဲ့ပါတယ်။ သူလုပ်နိုင်သမျှအကောင်းဆုံးလုပ်မယ် ဂျိုးလ်လို့ဒက်ပ်ကပြောပြီး အီးမေးလ်ကိုပိတ်ခဲ့ပါတယ်လို့သိရပါတယ်။သူတို့ပြောထားတာဟာ စာမျက်နှာ ၁၀၉မျက်နှာတောင်ရှိတယ်လို့သိရပါတယ်။စီးပွားရေးအုပ်စုထဲကရှေ့နေတစ်ယောက်ဖြစ်တဲ့မိုက်ကယ်လ်ဂျေကပ်ကတော့ ဒက်ပ်ဘက်ကနေရပ်တည်ပေးခဲ့တာကိုတွေ့ရပါတယ်။ဒက်ပ်က ဘယ်တုန်းကမှ မမှန်ကန်တာမလုပ်ခဲ့ဘူးလို့ပြောပြီးသူတို့ကုမ္ပဏီဟာ ဒက်ပ်ကို ကာကွယ်ပေးဖို့လုပ်နိုင်သမျှအားလုံးလုပ်ခဲ့တယ်လို့ပြောပြခဲ့ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations