အဆိုတော်လွှမ်းပိုင်က Promo အနေနဲ့ သူ့ရဲ့ သီချင်းဗီဒီယိုတစ်ပုဒ်ကို သူ့ရဲ့ ဝေါလ်ပေါ်မှာ တင်ပေးထားပါတယ်။ဒါပေမဲ့ အဲ့ဒီသီချင်းက ဂျိုကာရဲ့ I give it all သီချင်းနဲ့ တီးလုံးရော အလိုက်တွေရော တစ်ထပ်တည်းတူနေတယ်ဆိုပြီး ဝေဖန်နေကြတယ်လို့သိရပါတယ်။

လွှမ်းပိုင်ကတော့“ဒါဟာ ကော်ပီတာမျိုးမဟုတ်ပါဘူး။ရက်ဖရန့်စ်လုပ်တာပါလို့ပြောပြခဲ့ပါတယ်။မြန်မာလိုဆိုစု၊တု၊ပြု တယ်လို့ပြောလို့ရပါတယ်။စုတယ်ဆိုတာ ဟစ်ဟော့ပ်လုပ်မယ်ဆို ဟစ်ဟော့အသိပညာတွေကိုလိုက်မှတ်ရတာပါ။တုတယ်ဆိုတာ သူတို့ဘယ်လိုတီးတယ်၊ဘယ်လို flowပြောင်းတယ်ဆိုတာ အတုယူ၊အတုခိုးရတာပါ။ပြုတယ်ဆိုတာ စုထားတဲ့အသိပညာတွေရယ်၊အတုယူထားတဲ့ပုံစံတွေကိုပေါင်းစပ်ပြီးကိုယ်ပိုင်ဖန်တီးမှုနဲ့ရောစပ်ဖန်တီးရတာပါ။ပြီးတော့အဲ့ဒီသီချင်းဟာ ဂျိုကာရဲ့သီချင်းကိုနားထောင်ပြီး စု၊တု၊ပြုလုပ်ထားတာမှန်ပါတယ်။ဒါပေမဲ့ကော်ပီကူးတာမျိုးမဟုတ်ပါဘူး။သူကိုယ်တိုင် ဂျိုကာဆီစာပို့ပြီး သူ့ရဲ့သီချင်းကိုနားထောင်ကြည့်ပြီးဂျိုကာရဲ့အမြင်ကိုမေးခဲ့ပါတယ်။သူဟာ ဂျိုကာရဲ့သီချင်းကိုနားထောင်ပြီးမှနောက်ထပ်ပုံစံတစ်မျိုးကိုအိုင်ဒီယာရခဲ့တာလို့ပြောတော့ ဂျိုကာက မင်းရဲ့သီချင်းပထမအပိုဒ်က ငါဆိုတဲ့ပုံစံနဲ့ ရောဆိုထားသလိုဖြစ်နေတယ်။ဒါပေမဲ့ကောင်းပါတယ်သူစိတ်မဆိုးပါဘူး။သူက လူတွေကို မင်းကငါ့ကို အင်စပီရေးရှင်းယူထားတယ်ဆိုတာ သိစေချင်တာပါလို့ပြောခဲ့ပါတယ်။ကျွန်တော်ဂျိုကာအပါအ၀င်တော်တော်များများကို အင်စပီရေးရှင်းယူထားပါတယ်။သူတို့ရဲ့လွှမ်းမိုးမှုကကျွန်တော့်ဆီမှာရှိပါတယ်။ပြီးတော့အမေရိက ယူဂျီမှာပေါ်နေတဲ့ tokkenဟာဆိုရင် အီမီနမ်ကို လုံးဝအင်စပီရေးရှင်းယူထားသူပါ။ဒါပေမဲ့သူ့ကိုဘယ်သူကမှာ အီမီနမ်ကိုကော်ပီတယ်ဆိုပြီးမပြောကြပါဘူး။ဘာလို့လဲဆိုတော့သူက ကော်ပီယူတာမဟုတ်ပဲအင်စပီရေးရှင်းယူထားလို့ပါ။ပြီးတော့ ယူကျူ့မှာနာမည်ကြီးနေတဲ့တရုတ်ဟစ်ဟော့ပ် Higherbrothersရဲ့ Made in china သီချင်းကို ယူအက်စ်က ရက်ပ်ပါတွေကိုကြည့်ခိုင်းတဲ့ ဗီဒီယိုပါ။သူတို့ကသူတို့ပုံစံအတိုင်းလိုက်လုပ်နိုင်လို့ပျော်တယ်တဲ့။ပြီးတော့ အဲ့ဒီတရုတ်အဖွဲ့နဲ့အလုပ်တွဲလုပ်ချင်လားမေးတော့လုပ်မှာပေါ့လို့ ၀မ်းသာအားရပြောသွားသေးတယ်။ဘယ်သူကမှ ငါတို့ပုံစံလိုက်လုပ်တဲ့ကော်ပီသမားတွေလို့မပြောသွားဘူး...”လို့လွှမ်းပိုင်က သူ့ရဲ့ ဝေါလ်ပေါ်မှာ ရှင်းပြထားတယ်လို့သိရပါတယ်။

သူ့ရဲ့ပိုစ်အောက်မှာတော့သူနဲ့ဂျိုကာနဲ့ အပြန်အလှန်စကားပြောကြတာကို စကရင်ရှော့ရိုက်ပြီး တင်ပေးထားတယ်လို့သိရပါတယ်။သူ့ရဲ့ပရိတ်သတ်တွေကတော့အပင်မြင့်လေ လေတိုက်ခံရလေပဲ အားမလျှော့နဲ့လို့ အားပေးစကားတွေပြောထားတာတွေ့ရပါတယ်။တစ်ချို့သူတွေကတော့သီချင်းကတီးလုံးတွေ ၊အလိုက်တွေအကုန်လုံးတူနေတယ်ဆိုပြီး ဝေဖန်ပြောဆိုခဲ့ကြတယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations