ပီယာနိုပုံစံလှေကားနဲ့ ကိုယ်ပိုင်ဂီတလေးတွေဖန်တီးလို့ရနေပြီနော်။

၁။ဆွီဒင်နိုင်ငံ၊စတော့ဟုမ်းမြို့ 

ပီယာနိုဆိုတာ ဂီတနဲ့သက်ဆိုင်တဲ့တူရိယာတစ်မျိုးဖြစ်ပါတယ်။စတော့ဟုမ်းမြို့ ရဲ့မြေအောက်ဘူတာရုံမှာတော့ လှေကားကို ပီယာနိုပုံစံဆောက်ထားတာတွေ့ရပါတယ်။ဓာတ်လှေကားလည်းရှိပေမဲ့ လူတွေကတော့ လှေကားကို အတက်အဆင်းလုပ်တိုင်း ပီယာနိုတီးလုံးသံလေးတွေထွက်လာတဲ့ ပီယာနိုလှေကားကိုသာ ပိုပြီးသုံးကြတာတွေ့ရပါတယ်။

၂။အီတလီနိုင်ငံ၊မီလန်မြို့ 

မီလန်မြို့ ရဲ့ မြေအောက်လမ်းအပြင်ဘက်မှာ ပီယာနိုပုံစံလှေကားကိုတွေ့ရပါတယ်။

၃။ အမေရိကန်နိုင်ငံ၊ဆန်ဖရန်စစ်စကိုမြို့ 

သီချင်းနားထောင်ချင်ရင် ဒီလှေကားတွေကို သုံးပါတဲ့။ဖြည်းဖြည်းချင်းကိုယ်ပိုင်ဂီတကိုဖန်တီးပါလို့ ဂီတအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရီမိုဆာရာစီနီက ပြောခဲ့ပါတယ်။တကယ့်ဂီတပညာရှင်တွေနဲ့ပေါင်းစပ်ပြီး ကြိုးစားခဲ့လို့ အောင်မြင်တဲ့အလုပ်တစ်ခုဖြစ်ခဲ့ပါတယ်။

၎။တရုတ်နိုင်ငံ၊ရှန်ဒူးမြို့ 

တခြားနိုင်ငံတွေကလှေကားနဲ့မတူပဲပီယာနိုပုံစံကွက်တွေအများကြီးလုပ်ထားတာတွေ့ရမှာပါ။တရုတ်နိုင်ငံကလည်း အကောင်းဆုံးစံထားရတဲ့နိုင်ငံတွေထဲကတစ်ခုပါပဲ။

၅။ချီလီနိုင်ငံ၊ဗန်ပါရေစီရိုမြို့ 

နေရာတိုင်း၊အိမ်တိုင်းမှာ အရောင်တွေခြယ်ထားတဲ့ လှပတဲ့မြို့လေးဖြစ်ပြီး ပီယာနိုပုံစံလှေကားကိုလည်းတွေ့ရပါတယ်။ဒီလှေကားမှာတော့ အကွက်နှစ်ကွက်သာပါတာကိုတွေ့ရပါတယ်။

၆။ဂရိနိုင်ငံ၊အေသင်မြို့

ဂရိနိုင်ငံဆိုတာ လူတိုင်းသိကြမှာပါ။အေသင်မြို့ သူမြို့သားတွေက သူတို့ရဲ့ မြို့လေးမှာ အမြဲတမ်း အကျိုးရှိမယ့်အရာတွေကိုသာ အတူတကွလုပ်ဆောင်ကြပြီး စည်းစည်းလုံးလုံးနဲ့ ချစ်စရာကောင်းတဲ့မြို့လေးပါ။အေတန်နီစတာဆိုတဲ့နေရာလေးမှာ ပီယာနိုလှေကားကို လုပ်ထားတာပါ။အဲ့ဒီနေရာမှာတော့ သူတို့တွေဖန်တီးထားတဲ့အနုပညာလက်ရာတွေအများကြီးတွေ့နိုင်ပါတယ်။

၇။ဘရာဇီးနိုင်ငံ၊ဆာအိုပေါ်လိုမြို့ 

ဒီနေရာမှာရှိတဲ့ပီယာနိုလှေကားမှာတော့ တီးလုံးအသစ်အဆန်းတွေအများကြီးပါတယ်လို့သိရပါတယ်။

၈။တရုတ်နိုင်ငံ၊ဟန်ဇူးမြို့ 

ဟန်ဇူးမြို့ က ၀ူလင်ပလာဇာထဲမှာ ပီယာနိုလှေကားကိုဆောက်လုပ်ထားတာပါ။လှေကားကိုအသွားအလာလုပ်တဲ့လူတွေရဲ့ခြေသံတွေအတိုင်း တီးလုံးသံတွေထွက်တယ်လို့သိရပါတယ်။

၉။လက်ဘနွန်နိုင်ငံ၊ဘေရွတ်မြို့

၁၀။ပြင်သစ်နိုင်ငံ၊ရင်းနက်စ်မြို့ 

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations