သူမရဲ့ ချစ်သူအသစ်က ဘယ်သူများလဲ

၃၂နှစ်အရွယ်မင်းသမီး စကားလက်ဂျိုဟန်ဆန်ဟာ သူမရဲ့ ရှေ့နေ ကယ်ဗင်ဘရက်ယွန်နဲ့ တွဲနေကြတယ်လို့သိရပါတယ်။စကားလက်ဟာ သူမရဲ့ဒုတိယမြောက်အမျိုးသားဖြစ်တဲ့ ရိုမန်ဒိုရီယန်နဲ့ ကွာရှင်းထားတာ ၇လလောက်ရှိပါပြီ။ စကားလက်မှာရို့စ်လို့ခေါ်တဲ့၂နှစ်အရွယ်သမီးလေးတစ်ယောက်ရှိပါတယ်။သူမရဲ့ရှေ့နေဖြစ်တဲ့ကယ်ဗင်ဟာအနုပညာနယ်ပယ်နဲ့သက်ဆိုင်တဲ့ရှေ့နေတစ်ယောက်ဖြစ်ပြီးညီနှစ်ယောက်ရှိတယ်လို့သိရပါတယ်။ပီတာယွန်ကတော့အဆိုတော်တစ်ယောက်ဖြစ်ပြီးရစ်ခ်ယွန်ကတော့ရုပ်ရှင်ပရိုဂျူဆာတစ်ယောက်ပါ။သူက၂၀၁၃တုန်းကလီယိုနာဒိုပါဝင်တဲ့ The Wolf Of Wall Street ကိုရိုက်ခဲ့တဲ့သူတစ်ယောက်ပါ။

သူမက ဒီလတွေမှာဘယ်သူနဲ့ တွဲနေတယ်ဆိုတဲ့ သတင်းမထွက်ခဲ့ပါဘူး။အခုတော့ စကားလက်ဟာ စနေနေ့ညတုန်းက နယူးယော့ခ်မှာ သူမရဲ့ရှေ့နေနဲ့ လက်ချင်းတွဲပြီးလျှောက်သွားနေခဲ့တယ်လို့ သိရပါတယ်။စကားလက်ဟာ ရုပ်ရှင်ကား ၅၀လောက်ရိုက်ကူးခဲ့ပြီး အခုလည်း ၂၀၁၈မှာထွက်မယ့် Infinity Warရုပ်ရှင်ဇာတ်ကား ကိုရိုက်ကူးနေတယ်လို့လည်းသိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations