ကမ္ဘာမှာ သူမရဲ့အလှကုန်ပစ္စည်းတွေက အရမ်းကိုနာမည်ကြီးပြီး အောင်မြင်ခဲ့တဲ့ Brand တစ်ခုပါ။

၁၉နှစ်သာရှိသေးတဲ့ကိုင်လီဂျန်နာဟာ ကမ္ဘာမှာအချမ်းသာဆုံးသူတွေထဲကတစ်ယောက်အဖြစ် ပါဝင်နေသူပါ။ သူမရဲ့ဝင်ငွေက ဒီိတစ်နှစ်လုံးမှာ ဒေါ်လာ ၄၁ သန်းတောင်ရှိပါတယ်။

သူမက ကမ္ဘာမှာအချမ်းသာဆုံးစာရင်းအယောက်တစ်ရာထဲက အငယ်ဆုံးကြယ်ပွင့်တစ်ပွင့်ပါ။

ကိုင်လီက သူမရဲ့နာမည်နဲ့အလှကုန်ပစ္စည်းတစ်မျိုးကိုထုတ်ခဲ့ပါတယ်။ကိုင်လီ မိတ်ကပ်၊နှုတ်ခမ်းနီနဲ့ သူမကအောင်မြင်လာခဲ့တာပါ။နှုတ်ခမ်းနီတစ်ချောင်းက မြန်မာငွေနဲ့ဆို ၅၀၀၀၀ကျော်ပါတယ်။ကိုင်လီရဲ့အလှကုန်ပစ္စည်းတွေက ဈေးကြီးပေမဲ့အရမ်းကိုသုံးလို့ကောင်းတယ်လို့လည်းသိရပါတယ်။အခုလည်းသူမရဲ့အစ်မဖြစ်သူကမ်ဒေါလ်ဂျန်နာနဲ့အွန်လိုင်းမှာအကျီ်ဆိုင်အတူတူဖွင့်ထားတယ်လို့သိရပါတယ်။သူမရဲ့တောင်ကုန်းပေါ်မှာဆောက်ထားတဲ့အိမ်ကဒေါ်လာ၁၂သန်းတန်ဖိုးရှိပြီးအဲ့ဒီအိမ်မှာအကောင်းဆုံးပစ္စည်းတွေနဲ့ဆင်ထားတဲ့အိပ်ခန်း၅ခန်းပါဝင်ပါတယ်။ရေကူးကန်၊တင်းနစ်ကွင်းနဲ့ဝိုင်တွေသိမ်းထားလို့ရတဲ့အခန်းတစ်ခန်းလည်းရှိတယ်လို့လည်းသိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations