ပရိုမိုးရှင်းပွဲကို ဇွန်လ ၂၄ ရက်နေ့ Junction Square မှာ ပြုလုပ်သွားမယ်လို့သိရပါတယ်။

မြန်မာပြည်ရဲ့ ရက်ပ်အဆိုတော်တွေထဲက တစ်ယောက်ဖြစ်တဲ့ လွှမ်းပိုင်ကတော့ ဇွန်လ ၂၄ ရက်မှာ ဖြန့်ချိတော့မယ့် ဂီတဗေဒ တစ်ကိုယ်တော်အခွေရဲ့ Limited Edition ကို တစ်ခွေ ၁၂၀၀၀ ကျပ်နဲ့ ရောင်းချပေးသွားဖို့ စီစဉ်ထားပါတယ်။

Limited Edition အခွေကို အခွေ ၁၀၀၀ ပဲရောင်းချသွားမှာဖြစ်ပြီး ရန်ကုန်မှာပဲ ရောင်းချပေးသွားမှာပါ။ Limited Edition အခွေမှာ ဂီတဗေဒ Logo ပါတဲ့ဦးထုပ်၊ သီချင်းစာအုပ်၊ ပ၀ါ စတာတွေနဲ့ သေချာထုပ်ပိုးပေးထားတာဖြစ်ပြီး ရိုးရိုးအခွေကတော့ ၃၀၀၀ ကျပ်နဲ့ ရောင်းချပေးမှာပါ။သီချင်း ၁၈ ပုဒ် ပါဝင်မယ့် ဂီတဗေဒ Audio CD မှာ Lil Chan ၊ Bobby Soxer ၊ ပိုပိုဟေသာ ၊ ပန်းရောင်ခြယ် ၊ အမရာဖုန်း တို့ ပါဝင်ကူညီသီဆိုပေးထားကြပြီး BoBo Music Production ကနေ ဖြန့်ချိမှာဖြစ်ပါတယ်။အခွေ Promotion ပွဲကိုတော့ ဇွန် ၂၄ ရက် Junction Square Indoor Area မှာ ညနေ သုံးနာရီ က စပြီးပြုလုပ်သွားမယ် လို့သိရပါတယ်။

၂၀၁၄ ခုနှစ်တုန်းက “ဂီတစာဆို လွှမ်းပိုင်” အခွေကို ထုတ်ဝေခဲ့ပြီး အောင်မြင်မှုရခဲ့တဲ့ လွှမ်းပိုင်ကတော့ ဒီတစ်ကြိမ်မှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ထပ်ပြီးရဖို့ မျှော်လင့်နေပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations