ခရီးသွားရတဲ့အခါမျိုးမှာဘယ်သူကမှဆပ်ပြာတုံးသယ်မသွားချင်ကြပါဘူး။Showerဘူးလေးတွေသာအများဆုံးယူသွားကြတာပါ။ဒါပေမဲ့ဆပ်ပြာတုံးတွေမေ့ပြီး
ဝယ်ထားခဲ့ရင်ဒီနည်းလမ်းလေးအတိုင်းShowerGelလေးလုပ်ကြည့်ရအောင်။အလကားမဖြစ်တဲ့အပြင်ပိုက်ဆံကုန်လည်းသက်သာစေပါတယ်။

၁။ဆပ်ပြာတုံးလေးတွေကို သေချာတစ်ရှူးလေးနဲ့သုတ်ပါ။ပြီးရင် ခွက်အသေးတစ်ခုအပြည့် သေးသေးလေးတွေလှီးလိုက်ပါ။

၂။စတီးခွက်ထဲကို ပြောင်းထည့်ပြီး အဲ့ဒီခွက်အသေးနဲ့ရေတစ်ခွက်ထည့်ပါ။ပြီးရင်ပျော်သွားတဲ့အထိ အပူပေးပါ။အကုန်ပျော်သွားပြီဆိုရင်တော့ မီးဖိုပေါ်ကချလို့ရပါပြီ။

၃။ အဲ့ဒီခွက်ထဲကို သံလွင်ဆီ၊အုန်းဆီ တခြားကိုယ်နှစ်သက်တဲ့အမွှေးဆီတစ်မျိုး တစ်စက် နှစ်စက် ထည့်ပါ။အရောင်အတွက် အစားအစာတွေမှာထည့်တဲ့အရောင်တစ်မျိုး နည်းနည်းထည့်ပါ။ပြီးရင် ရောမွှေလိုက်ရုံနဲ့ Shower Gel လေးရပါပြီ။

ခရီးသွားရင်လည်းယူသွားလို့အဆင်ပြေတဲ့ဘူးအလွတ်ထဲကိုထည့်ပြီးသုံးလို့ရသလိုအိမ်မှာသီးသန့်ShowerGelသုံးချင်ရင်လည်းအဆင်ပြေလွယ်ကူတဲ့နည်းလမ်းလေးပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations