ပုပ္ပါး၊ညောင်ကန်ရွာမှာ “ကြီးလေးကြီး”ဇာတ်ကားကိုသွားရောက်ရိုက်ကူးနေတဲ့မင်းသမီးနှစ်ယောက်ဖြစ်တဲ့
အိန္ဒြာကျော်ဇင်နဲ့ ခိုင်သင်းကြည်တို့ Live လွှင့်ခဲ့တဲ့ ဗီဒီယိုဖိုင်ဟာ Facebook မှာ တော်တော်လေးနာမည်ကြီးခဲ့ပါတယ်။

အူဝဲလို့ချစ်စနိုးခေါ်ကြတဲ့အိန္ဒြာကျော်ဇင်ကတော့ ငွေတိုးချေးစားတဲ့ “အပျိုကြီး”အဖြစ်သရုပ်ဆောင်ရမယ်လို့သိရပါတယ်။မခိုင်လေးကတော့ စကားအရမ်းများတဲ့သ “အာကြီး”အဖြစ်သရုပ်ဆောင်ရမှာပါ။ရွာရဲ့ဥက္ကဌ “အုပ်ကြီး”အဖြစ် မင်းသားလူမင်းက သရုပ်ဆောင်မှာပါလို့ မခိုင်လေးက live လွှင့်နေရင်းပြောသွားပါတယ်။ပြီးတော့ မင်းသားခန့်စည်သူကလည်း “မောင်ကြီး”ဆိုတဲ့နာမည်နဲ့ ပါဝင်သရုပ်ဆောင်ရမယ်လို့သိရပါတယ်။သူတို့နှစ်ယောက်ကတော့ဇာတ်ဝင်ခန်းမှာသရုပ်မဆောင်ခင် ခဏနားနေတုန်း liveလွှင့်နေတာပဲဖြစ်ပါတယ်။မခိုင်လေးက အူဝဲကိုမြန်မာပြည်ရဲ့အမိုက်ဆုံးမင်းသမီးဆိုပြီးချီးကျူးစကားပြောနေပါတယ်။သူတို့တွေ live လွှင့်တာနဲ့ ပရိသတ်တွေရဲ့မေးခွန်းတွေ၊ ချီးကျူးစကားတွေတောက်လျှောက်တက်လာတာကိုတွေ့ရပါတယ်။ အရမ်းချောပြီးချစ်စရာကောင်းတဲ့မင်းသမီးနှစ်ယောက်ကို ရုပ်ရှင်တစ်ကားထဲမှာ အတူတွေ့ရတာက ပရိသတ်တွေအတွက်လည်းစိတ်ကျေနပ်စရာဖြစ်မှာပါ။မင်းသမီးနှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်စနောက်ရင်းပရိသတ်တွေရဲ့ကွန်းမန့်တွေကိုလည်းပြန်ဖြေပေးတာတွေ့ရပါတယ်။ပရိသတ်တွေကိုနွေးနွေးထွေးထွေးအမြဲဆက်ဆံတတ်တဲ့မင်းသမီးတစ်ယောက်ဖြစ်တဲ့ အူဝဲကတော့သူမရဲ့သားလေးမွေးနေ့မှာ အတူရှိမနေနိုင်ပဲ ရုပ်ရှင်ရိုက်ကူးဖို့ပုပ္ပါးကိုရောက်နေခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့အချစ်တော်မင်းသမီးတွေရဲ့ချစ်စရာကောင်းတဲ့အမူအရာလေးတွေကို ဗီဒီယိုထဲမှာ ကြည့်လိုက်ကြရအောင်။ဗီဒီယိုကိုကြည့်တဲ့ပရိသတ်ပေါင်း ၅၇၉၀၇၇ ရှိပြီး ရှယ်တဲ့သူတွေက ၁သောင်းကျော်ရှိနေပြီလို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations