အတူတူလက်တွဲခဲ့ကြတာ ၁၈ နှစ်တောင်ရှိသွားပြီဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယား

ဒေးဗစ်ဘက်ခမ်းနဲ့ဗစ်တိုးရီးယားဘက်ခမ်းတို့က သူတို့ရဲ့ ၁၈ နှစ်မြောက် Anniversary ကို အင်္ဂါနေ့တုန်းကပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းခဲ့ကြတယ်လို့သိရပါတယ်။သူတို့ရဲ့အကြီးဆုံးသားဖြစ်တဲ့ ဘရော့ကလင်ဘက်ခမ်းကတော့ သူ့အမေနဲ့အဖေအတွက် ချစ်စရာဓာတ်ပုံတစ်ပုံကိုအင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ဓာတ်ပုံထဲမှာ ဘရော့ကလင်က ကလေးလေးသာရှိပါသေးတယ်။ဒေးဗစ်ဘက်ခမ်းကလည်း သူနဲ့ဗစ်တိုးရီးယားရဲ့ ဟိုးအရင်တုန်းကဓာတ်ပုံတွေကိုပြန်တင်ပြီးအမှတ်တရတွေဖန်တီးခဲ့ပါတယ်။

ဒေးဗစ်နဲ့ဗစ်တိုးရီးယား၁၉၉၉ခုနှစ်တုန်းက လက်ထပ်ခဲ့ကြတာပါ။သူတို့နှစ်ယောက်က အခက်အခဲတွေကိုအတူဖြေရှင်းပြီးအမြဲတမ်းအတူတူရှိနေကြပါတယ်။ကလေးလေးယောက်ကိုပိုင်ဆိုင်ထားပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်ကြတဲ့ ဒေးဗစ်တို့စုံတွဲက နောက်နှစ်Anni တွေကိုလည်း အတူတူပျော်ရွှင်စွာဖြတ်သန်းသွားကြမယ်ဆိုတာသေချာပါတယ်လို့ သူတို့ရဲ့ပရိသတ်တွေက ဆုတောင်းစကားပြောပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations