တစ်ယောက်နဲ့တစ်ယောက်နားလည်မှုတွေ၊ချစ်ခြင်းတွေရှိမယ်ဆိုရင် ကန့်သတ်ချက်တွေက အသုံးမ၀င်ပါဘူး။

မိသားစုရဲ့ ၇ ယောက်မြောက်သားဖြစ်တဲ့ အယ်တိုမိုင်နီဆိုတဲ့အမျိုးသားတစ်ယောက်ကို ၁၉၁၂ တုန်းကမွေးဖွားခဲ့ပါတယ်။သူဟာဦးနှောက်အဆီကျိတ်ပုံမှန်မဟုတ်တာကြောင့် သူ့ရဲ့ အရပ်ရှည်နှုန်းက အရမ်းကိုမြင့်တက်ခဲ့ပြီးအရပ်၇ပေကျော်တောင်ရှိပါတယ်။သူဟာ ၈ပေ၄လက်မဖြစ်ဖို့နဲ့ ကမ္ဘာပေါ်မှာအရပ်အရှည်ဆုံးလူဖြစ်ဖို့ရည်ရွယ်ထားတယ်လို့သိရပါတယ်။အရင်တုန်းကသူဟာ အပြင်ထွက်ဖို့ကိုတောင်ရှက်ရွံ့ခဲ့တယ်လို့ပြောပြခဲ့ပါတယ်။

၁၉၁၆ သြဂုတ်လမှာမွေးဖွားခဲ့တဲ့ ဂျယ်နီဆိုတဲ့ အမျိုးသမီးလေးဟာလည်းမွေးကတည်းကလက်မောင်းလေးတွေသေးကွေးပြီးခြေထောက်နှစ်ဖက်မပါလာခဲ့ပါဘူး။ဒါပေမဲ့သူမရဲ့ အကျင့်စာရိတ္တဟာအရမ်းကိုကောင်းမွန်ပါတယ်လို့သိရပါတယ်။သူတို့နှစ်ယောက်ဟာ တွေ့ဆုံမိပြီးချစ်ကြိုက်သွားခဲ့ပါတယ်။သူတို့ဟာ၁၉၃၆ခုနှစ်မှာ တရားသူကြီးကိုတိုင်တည်ပြီး လက်ထပ်ခဲ့ကြပါတယ်။ဟန်းနီးမွန်းအဖြစ် နီဂါရာရေတံခွန်ကိုသွားခဲ့ကြပါတယ်။ပြီးတော့ကမ္ဘာ့အထူးခြားဆုံးစုံတွဲအဖြစ် ၁၀ စုနှစ်နီးပါး ခရီးတွေအတူသွားခဲ့ကြပါတယ်။အယ်တိုမိုင်နီဟာ၁၉၆၂ မှာသေဆုံးသွားခဲ့ပြီး ဂျယ်နီကတော့ နောက်ထပ်အိမ်ထောင်မပြုခဲ့ဘူးလို့သိရပါတယ်။

၂၀၁၃ ခုနှစ်တုန်းကလီဇီအဲစ်ဘက်ခ်ျဆိုတဲ့ Anorexia nervosa ရောဂါခံစားနေရသောအမျိုးသမီးတစ်ယောက်နဲ့ ခရစ်ဂလက်စ်ဂိုးဆိုတဲ့အ၀လွန်ရောဂါခံစားနေရသောအမျိုးသားတို့ဟာ ဆေးခန်းမှာတွေ့ဆုံခဲ့ပြီးလက်ထပ်ခဲ့ကြပါတယ်။သူတို့တွေ့ဆုံတဲ့အချိန်မှာလီဇီက ပေါင်၉၀ သာရှိပြီး ခရစ်ကတော့ပေါင်၄၂၀ရှိနေပါပြီ။သူတို့နှစ်ယောက်က လတော်တော်များများတွဲခဲ့ပြီးလက်ထပ်ခဲ့ကြပါတယ်။အခုဆိုရင်လီဇီဟာ ပေါင်၁၂၀ရှိပြီးကျန်းမာနေတယ်လို့သိရပါတယ်။ခရစ်ကလည်းပေါင် ၁၄၀သာရှိတော့ပြီး သင့်တင့်မျှတစွာစားသောက်နေထိုင်နေကြတယ်လို့သိရပါတယ်။

အရပ် ၄ပေ၄လက်မသာရှိသောအန်တွန်ကရက်ဖ်ဟာ ကမ္ဘာပေါ်မှာ အသန်မာဆုံးလူတစ်ယောက်ဖြစ်ဖို့ကြိုးစားနေတဲ့သူတစ်ယောက်ပါ။သူဟာလေးကြိမ်ဝိတ်မခဲ့ပြီးစံချိန်ချိုးခဲ့ဖူးပါတယ်။သူဟာ အရပ်၆ပေ၃လက်မရှိတဲ့အမျိုးသမီးတစ်ယောက်နဲ့လက်ထပ်ခဲ့ပါတယ်။

ဘရာဇီးကအရပ်အရှည်ဆုံး၁၈ နှစ်အရွယ်မော်ဒယ်အမျိုးသမီးလေးဟာ ကမ္ဘာ့အရပ်အရှည်ဆုံးသတို့သမီးဖြစ်လာခဲ့ပါတယ်။သူမရဲ့ချစ်သူဟာအရပ် ၅ပေ၄လက်မရှိပြီး ကမ်းခြေမှာလက်ထပ်ခွင့်တောင်းခဲ့တာပဲဖြစ်ပါတယ်။

၂၅ နှစ်အရွယ်ဂလိုရီရာရူရီနာဗာဟာ အလှအပဆိုင်ရာပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သူမရဲ့ကိုယ်အလေးချိန်ဟာ ရှိသင့်တာထက်ကျော်လွန်ပြီးဝနေပေမဲ့သူမရဲ့ချစ်သူကတော့၂၂နှစ်အရွယ် ခန္ဓာကိုယ်ကြွက်သားတောင့်တင်းအောင်သင်ကြားပေးတဲ့နည်းပြတစ်ယောက်ဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာတွေ့ဆုံပြီးတစ်ယောက်ကိုတစ်ယောက်သဘောကျသွားခဲ့ပါတယ်။ဒါပေမဲ့လူတွေကတော့ သူဟာ ဘာဖြစ်လို့သူမနဲ့တွဲချင်ရတာလဲဆိုတာမစဉ်းစားတတ်လောက်အောင်ဖြစ်နေပါတယ်။မကောင်းတဲ့အမြင်တွေနဲ့ ကွန်းမန့်တွေလည်းပေးခဲ့ကြပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်ဟာ ၂၀၁၄တုန်းက လက်ထပ်ခဲ့ကြပါတယ်။

ဂျော်ဂျီရာမှာနေထိုင်တဲ့၃၁နှစ်အရွယ်အမျိုးသားတစ်ယောက်ဖြစ်တဲ့ ကျိုင်ဂျုန်းစ်ကတော့ သူ့အသက်ထက်၃ဆလောက်ကြီးတဲ့အသက်၉၁နှစ်အရွယ်အဘွား မာဂျူရီအမ်စီကူးလ်နဲ့တွဲခဲ့ပါတယ်။သူဟာ အသက် ၅၀အရွယ်အမေဖြစ်သူကို ပင်စင်ထုတ်ဖို့လိုက်ပို့ရင်းအဘွားမာဂျူရီနဲ့တွေ့ခဲ့တာပါ။အသက် ၆၀လောက်ကွာဟခဲ့သော်လည်း တစ်ယောက်နဲ့တစ်ယောက်မခွဲနိုင်အောင်ချစ်ကြတယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations