မိတ်ကပ်ဆိုတာ မိန်းကလေးတစ်ယောက်ရဲ့ ရှိနေပြီးသားအလှကို ပံ့ပိုးကူညီပေးတာပါ။ဒါကြောင့် ရိုးရိုးရှင်းရှင်းလေးနဲ့ ဆွဲဆောင်မှုရှိအောင်ဘယ်လိုပုံစံလေးတွေလိမ်းခြယ်ရမလဲဆိုတာကိုပြောပြပေးသွားပါမယ်။

ဒီအပြင်အဆင်ကတော့မျက်လုံးမှာလည်းအများကြီးခြယ်စရာမလိုပဲ တောက်ပတဲ့ပုံစံမျိုးဖြစ်နေမှာပါ။မိတ်ကပ်ကိုသင့်တင့်ရုံလိမ်းပြီးအနီရောင်နှုတ်ခမ်းနီနဲ့ အိုင်းလိုင်နာအမည်းနှစ်ခုဆိုးတာနဲ့တင် ဆွဲဆောင်မှုအပြည့်ရှိနေမှာပါ။

မျက်လုံးကိုတခြားအရောင်မသုံးပဲအမည်းရောင်အိုင်းရှဲဒိုးတစ်မျိုးပဲခြယ်တာက မျက်လုံးကိုပိုကြီးတယ်လို့ထင်ရစေပါတယ်။မျက်လုံးကအရမ်းတောက်သွားပြီမို့လို့နှုတ်ခမ်းနီအရောင်ရင့်တာနဲ့မလိုက်ဖက်ပါဘူး။Nude အရောင်ဆိုးတာက ပိုပြီးလိုက်ဖက်လှပစေမှာပါ။

မိတ်ကပ်ကိုကြွေရောင်တောက်နေအောင်လိမ်းပြီးနှုတ်ခမ်းနီရင့်ရင့်ဆိုးတာဟာ ရင့်ကျက်တည်ငြိမ်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။ဒါပေမဲ့ မျက်လုံးမှာ အများကြီးခြယ်စရာမလိုပါဘူး။အိုင်းလိုင်နာလည်းမဆိုးပဲမီးခိုးရောင်အိုင်းရှဲဒိုးကိုသာ နည်းနည်းခြယ်ပေးသင့်ပါတယ်။

မျက်လုံးကိုအညိုရောင်အိုင်းရှဲဒိုးခြယ်တာဟာ ကြည့်ရတာပင်ပန်းဖျော့တော့တယ်ထင်ရပေမဲ့ မက်မွန်သီးရောင်နှုတ်ခမ်းနီဆိုးလိုက်တဲ့အခါမှာတော့သဘာဝအတိုင်းလန်းဆန်းပြီးကျန်းမာနေတဲ့ပန်းပွင့်လေးလို လိုက်ဖက်လှပသွားတာကိုတွေ့ရမှာပါ။ဒီိလိုမိတ်ကပ်အပြင်အဆင်မျိုးကိုတော့ပုံမှန်အလုပ်သွားတဲ့အခါ၊မွေးနေ့ပါတီတွေသွားတဲ့အခါမျိုးမှာ ခြယ်သနိုင်ပါတယ်။

ရွှေရောင်တောက်နေတဲ့အိုင်းရှဲဒိုးနဲ့ဝိုင်အရောင်ရင့်ရင့်နှုတ်ခမ်းနီက အထက်တန်းလွှာဆန်စေပြီးဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးဖြစ်စေပါတယ်။အရေးကြီးတွေ့ဆုံပွဲတွေသွားတဲ့အခါမျိုးမှာပြင်ဆင်သင့်ပါတယ်။

ဒီလိုမိတ်ကပ်အပြင်အဆင်ကတော့ဆယ်ကျော်သက်အမျိုးသမီးလေးတွေကြားမှာရေပန်းစားတဲ့အပြင်အဆင်တစ်ခုပါ။မျက်လုံးကိုအပြာရောင်၊ဒါမှမဟုတ်ခရမ်းရောင်ခြယ်ပြီးနှုတ်ခမ်းကို ပန်းရောင်ဆိုးတာက သွက်လက်တက်ကြွနေတဲ့လူငယ်ပုံစံကိုပြနေပါတယ်။

နှုတ်ခမ်းကိုရဲတောက်နေတာတွေမဆိုးချင်ဘူးဆိုရင် သန္တာရောင်တောက်နေတဲ့နှုတ်ခမ်းနီအရောင်ကိုဆိုးပါ။ပြီးရင် ရွှေဝါရောင်နဲ့လိမ္မော်ရောင်ရောစပ်ထားသလိုအိုင်းရှဲဒိုးခြယ်တာက လန်းဆန်းတက်ကြွပြီးသဘာဝဆန်ဆန်လှပမှုကိုမြင်တွေ့ရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations