အာလူးကြော်ဘူးတွေကိုစားပြီးရင် လွှင့်မပစ်နဲ့နော်။ဘူးခွံလေးတွေကိုသိမ်းထားပြီး အလှဆင်ပစ္စည်းလေးတွေလုပ်လို့ရပါတယ်။

၁။ပုံထဲမှာပြထားတဲ့အတိုင်းပန်းအိုးလေးလုပ်လို့ရပါတယ်။ဘူးခွံအပြင်ဘက်ကိုကြိုးလေးတွေ၊ပလတ်စတစ်ပန်းလေးတွေနဲ့အလှဆင်ပြီးချစ်စရာပန်းအိုးလေးလုပ်လို့ရပါတယ်။အခန်းထဲမှာဖြစ်ဖြစ်၊ဧည့်ခန်းမှာဖြစ်ဖြစ် အလှပန်းအိုးလေးထားချင်တဲ့သူတွေအတွက်ကွဲမှာလည်းမပူရပဲမျက်နှာပန်းလှစေမယ့် Handmade ပစ္စည်းလေးပါ။

၂။လက်ဆောင်ပစ္စည်းပေးမယ်ဆိုရင်လည်း  ဒီဘူးလေးတွေကိုအလှဆင်ပြီးပေးလို့ ရပါတယ်။အမြင်လည်းဆန်းစေမှာပါ။

၃။ခရီးတွေဘာတွေထွက်လို့ဘုစုခရုပစ္စည်းလေးတွေ၊မုန့်တွေထည့်ချင်ရင်လည်းအများကြီးဆန့်ပါတယ်။သယ်ရတာလည်းလွယ်ကူပေါ့ပါးစေပါတယ်။

၆။လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေအတွက်အရမ်းကိုသက်သာပြီးအသုံးဝင်တဲ့နည်းလမ်းတစ်ခုပါ။ပုံထဲမှာပြထားတဲ့အတိုင်းကိုယ်လိုချင်တဲ့ပမာဏအတိုင်းယူလို့ရပြီး မပျောက်မပျက်အောင်ထားနိုင်ပါတယ်။

၎။ဝက်အူချောင်း၊ကြက်အူချောင်းတွေကိုကင်ချင်တဲ့အခါမှာလည်းဘူးလေးကိုဖြတ်ပြီးကင်လို့ရပါတယ်။အလွယ်တကူမတူးသွားနိုင်သလို ကိုယ်လိုချင်တဲ့အနေအထားရအောင်လည်းကြည့်နေနိုင်ပါတယ်။

၅။သားသားမီးမီးလေးတွေအတွက်လည်းအရုပ်လေးလုပ်ပေးလို့ရတယ်နော်။ဒီဇိုင်းလေးကိုသေချာစဉ်းစားပြီးအလှဆင်မယ်ဆိုရင် ကလေးတွေအတွက်အရုပ်လုပ်ပေးနိုင်သလိုအခန်းထဲမှာလည်းအလှထားလို့ရပါတယ်။

၇။နောက်ဆုံးအချက်ကတော့ကလေးတွေအတွက်သာမက ကျောင်းသူကျောင်းသားလေးအတွက် လှပတဲ့ဘောပင်ထည့်ခွက်လေးလုပ်လို့ရပါတယ်။အရမ်းအရှည်ကြီးမကြိုက်ဘူးဆိုရင်လည်းတစ်ဝက်ဖြတ်ပြီးသေချာအလှဆင်လိုက်မယ်ဆိုရင်ဘောလ်ပင်၊ခဲတံ၊ပေတံတွေကိုတစ်စုတစ်စည်းတည်းလွယ်လွယ်ကူကူထားနိုင်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations