သင့်ကိုယ်သင် ဒီအချက်တွေနဲ့ အရင်ဆန်းစစ်ကြည့်ပါဦး။

သူငယ်ချင်းများများစားစားရှိတာဟာ ပျော်ရွှင်မှုတွေရရှိစေလို့ကျန်းမာရေးအတွက်လည်းကောင်းမွန်စေပါတယ်။ပေါင်းသင်းဆက်ဆံရေးကိုတိုးတက်စေသလိုလူတွေရဲ့ စိတ်အမျိုးမျိုးအထွေထွေကိုသိရတဲ့အတွက်လည်း ပိုပြီးရင့်ကျက်လာစေပါတယ်။ဒါပေမဲ့ရည်းစားဟောင်းကိုသူငယ်ချင်းအနေနဲ့ပြန်ပြီးလက်ခံမယ်ဆိုရင်တော့နည်းနည်းတော့စဉ်းစားစရာပါ။ပတ်ဝန်းကျင်အမြင်လည်းရှိသလိုကိုယ့်စိတ်ထဲမှာလည်းရည်းစားဟောင်းနဲ့ပတ်သက်ပြီးရှင်းလင်းနေမှအဆင်ပြေမှာပါ။လေ့လာတွေ့ရှိချက်တွေအရတော့ရည်းစားဟောင်းကိုသူငယ်ချင်းအဖြစ်သဘောထားပြီးဆက်နေဖို့စဉ်းစားထားတယ်ဆိုတာ ဒီအချက်တွေကြောင့်ပဲဖြစ်နိုင်ပါတယ်။

၁။သူငယ်ချင်းတွေဆိုတာတစ်ယောက်အပေါ်တစ်ယောက်စောင့်ရှောက်ပေးရပါမယ်။အထူးသဖြင့်ရည်းစားဟောင်းကိုသူငယ်ချင်းအဖြစ်ပြန်ပြီးသဘောထားတဲ့အခါမှာတစ်ယောက်နဲ့တစ်ယောက်အရင်လိုရင်းရင်းနှီးနှီးနေလို့မရပါဘူး။သူငယ်ချင်းအဖြစ်ပြန်နေတယ်ဆိုတာဟာရည်းစားဘ၀တုန်းက ဘာပြဿနာမှမရှိခဲ့ပဲစိတ်သဘောထားမတိုက်ဆိုင်လို့လမ်းခွဲခဲ့ကြတဲ့သူတွေ၊ကိုယ့်သဘောထားကိုလိုက်လျောပြီးလမ်းခွဲလိုက်ကြတဲ့သူတွေသာလုပ်နိုင်ကြပါတယ်။ပြီးတော့ ဒီလူဟာ ရည်းစားဘ၀မှာတည်းက ကိုယ့်ကို လုံခြုံအောင်စောင့်ရှောက်ပေးနိုင်တဲ့အတွက်လမ်းခွဲပြီးတဲ့အခါမှာလည်းသူငယ်ချင်းအဖြစ်ဆက်ပြီးသဘောထားနိုင်တာဖြစ်ပါတယ်။

၂။တစ်ချို့သူတွေကတော့စိတ်ခံစားချက်တွေမပါဝင်ပဲ ငွေကြေးနဲ့ရုပ်ဝတ္ထုပစ္စည်းတွေ၊အပေါ်ယံရုပ်အမြင်တွေကိုလိုချင်တပ်မက်သေးတာကြောင့်သူငယ်ချင်းအဖြစ်ဆက်ပြီးလက်ခံထားကြတာပါ။

၃။သင်က သူငယ်ချင်းအဖြစ်ဆက်ပြီးလက်မခံချင်ပေမဲ့ငြင်းရင်လည်းရိုင်းရာကျတာကြောင့်လက်ခံထားကြတာပါ။ပြီးတော့ကိုယ်ကမချစ်မနှစ်သက်တော့ပေမဲ့တစ်ဖက်သားရဲ့ ခံစားချက်ကိုနားလည်ပေးပြီးသူငယ်ချင်းအဖြစ်ရှိနေစေတာပါ။အကောင်းဘက်ကနေ လှည့်တွေးပေးပြီးနှစ်ဖက်စလုံးအဆင်ပြေအောင်လုပ်ပေးတတ်တဲ့သူတွေဟာ ရည်းစားဟောင်းကိုသူငယ်ချင်းအဖြစ်လက်ခံထားဖို့ဆိုတာသိပ်တော့မခက်ခဲပါဘူး။

၎။နောက်ဆုံးအချက်တော့တစ်ယောက်နဲ့တစ်ယောက်သံယောဇဉ်တွေကျန်နေသေးလို့ပါ။ဖြေရှင်းလို့မရတဲ့အထင်လွဲမှားမှုတွေ၊သဘောထားမတိုက်ဆိုင်မှုတွေကြောင့်လမ်းခွဲခဲ့ရတဲ့စုံတွဲတွေဟာသံယောဇဉ်လက်ကျန်တွေရှိနေသေးတဲ့အတွက် သူငယ်ချင်းဆိုတဲ့ခေါင်းစဉ်နဲ့သူတို့ရဲ့ စိတ်ခံစားမှုတွေကိုကျန်ရှိနေစေတာပါ။

ဒီအချက်တွေနဲ့ကိုက်ညီတဲ့သူတွေကတော့ရည်းစားဟောင်းကိုသူငယ်ချင်းအဖြစ်ဆက်ပြီးလက်ခံထားကြပြီး မကိုက်ညီတဲ့သူတွေကတော့ ရည်းစားဟောင်းကိုဘယ်လိုဆက်ဆံရေးမျိုးနဲ့မှမကြိုဆိုကြတဲ့သူတွေပါ။ရည်းစားဟောင်းကို သူငယ်ချင်းအဖြစ်လက်ခံသင့်လား၊လက်မခံသင့်ဘူးလားဆိုတာကတော့သင့်ရဲ့ အပြုအမူစိတ်ခံစားချက်အပေါ်မှာပဲမူတည်နေပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations