လူတိုင်းမှာ တစ်ဖက်သတ်ချစ်ရတဲ့သူတစ်ယောက်ကတော့ရှိဖူးကြမှာပါ။အခုလက်ရှိမှာလည်းရှိနိုင်သလို အတိတ်ကရှိခဲ့ဖူးတာလည်းဖြစ်နိုင်ပါတယ်။အခု ကိုယ်တစ်ဖက်သတ်ချစ်နေရတဲ့သူက ဘယ်လိုအမျိုးအစားထဲမှာပါလဲဆိုတာကိုပြောပြပေးသွားပါမယ်။တစ်ဖက်သတ်အချစ်ပုံစံက ၁၀ မျိုးတောင်ရှိပါတယ်။

၁။ကလေးဘ၀တည်းက တစ်ဖက်သတ်အချစ်

၁။ကလေးဘ၀တည်းက တစ်ဖက်သတ်အချစ်

ငယ်ငယ်တည်းကအတူသွား၊အတူကစားလာပြီးတဖြည်းဖြည်းသံယောဇဉ်ဖြစ်လာကြတာပါ။ကလေးဘ၀အမှတ်တရတွေလည်းအများကြီးရှိကြတဲ့အပြင် ငယ်ငယ်တည်းကအရင်းနှီးဆုံးလူဖြစ်တာကြောင့် တဖြည်းဖြည်းတစ်ဖက်သတ်အချစ်ကိုကူးပြောင်းသွားကြတဲ့ ပုံစံပဲဖြစ်ပါတယ်။

၂။စိတ်ကူးယဉ်တစ်ဖက်သတ်အချစ်

၂။စိတ်ကူးယဉ်တစ်ဖက်သတ်အချစ်

စာအုပ်တွေ၊ရုပ်ရှင်တွေထဲကလိုပြီးပြည့်စုံတဲ့အချစ်ကိုလိုချင်ကြလို့ တကယ့်လက်တွေ့မှာ စိတ်ကူးထဲကပုံစံကိုမျှော်လင့်စောင့်စားနေတဲ့ပုံစံပဲဖြစ်ပါတယ်။

၃။အလုပ်ထဲမှ တစ်ဖက်သတ်အချစ်

၃။အလုပ်ထဲမှ တစ်ဖက်သတ်အချစ်

ပထမဆုံးအလုပ်စတက်တဲ့အချိန်မှာတော့ဘယ်သူနဲ့မှရင်းနှီးဦးမှာမဟုတ်ပါဘူး။ဒါပေမဲ့ အချိန်တွေကြာလာတဲ့အခါ နေ့တိုင်းတွေ့နေ၊စကားပြောနေရတဲ့တစ်စုံတစ်ယောက်ကိုတစ်ဖက်သတ်ချစ်သွားတဲ့ပုံစံပါ။

၎။သြဇာအာဏာရှိတဲ့သူအပေါ်တစ်ဖက်သတ်အချစ်

၎။သြဇာအာဏာရှိတဲ့သူအပေါ်တစ်ဖက်သတ်အချစ်

ဥပမာ အလုပ်ထဲမှာဆိုရင်သင့်ရဲ့အလုပ်ရှင်၊ကျောင်းမှာဆိုရင် ဆရာ၊ဆရာမစသဖြင့် သင့်အပေါ်သြဇာအာဏာပေးနိုင်တဲ့သူအပေါ်တစ်ဖက်သတ်ချစ်တဲ့ပုံစံမျိုးပါ။

၅။ဆန့်ကျင်ဘက်အချစ်

၅။ဆန့်ကျင်ဘက်အချစ်

မတူညီတဲ့စရိုက်တွေမှာလည်းဆွဲဆောင်မှုတစ်မျိုးစီရှိကြပါတယ်။ဒီပုံစံကတော့ ကိုယ်နဲ့အမြဲဆန့်ကျင်ဘက်လုပ်တဲ့သူကိုချစ်မိသွားတဲ့ပုံစံပါ။ဥပမာ သူက အရမ်းစည်းစနစ်တကျလုပ်ကိုင်တတ်သူ၊သင်ကတော့ ပေါ့ပေါ့ပါးပါးပဲတွေးမြင်တတ်သူအဲ့ဒီလိုဆန့်ကျင်ဘက်စရိုက်နှစ်မျိုးကလည်း တစ်ဖက်သက်အချစ်ကို အလွယ်တကူကူးပြောင်းသွားနိုင်ပါတယ်။

၆။အွန်လိုင်းပေါ်ကတစ်ဖက်သတ်အချစ်

၆။အွန်လိုင်းပေါ်ကတစ်ဖက်သတ်အချစ်

ဒီခေတ်ကြီးထဲမှာဖြစ်နေကျပုံစံတစ်မျိုးပါ။အွန်လိုင်းမီဒီယာပေါ်မှာအမြဲတွေ့မြင်နေရတဲ့အသိမိတ်ဆွေတစ်ယောက်ယောက်ကိုတစ်ဖက်သတ်စိတ်ဝင်စားတဲ့ပုံစံပါ။

၇။ဆိုးတဲ့ကောင်လေးတွေအပေါ်တစ်ဖက်သတ်အချစ်

၇။ဆိုးတဲ့ကောင်လေးတွေအပေါ်တစ်ဖက်သတ်အချစ်

မိန်းကလေးအများစုဟာဆိုးတဲ့ကောင်လေးတွေကိုမှသဘောကျနှစ်သက်တတ်ပါတယ်။သူတို့ရဲ့ ခပ်ဆိုးဆိုးအမူအကျင့်တွေကပဲဆွဲဆောင်မှုဖြစ်နေတာပါ။

၈။အတိတ်ကတစ်ဖက်သတ်အချစ်

၈။အတိတ်ကတစ်ဖက်သတ်အချစ်

ဘ၀မှာဘယ်သူမဆိုတစ်ဖက်သတ်ချစ်ရတဲ့သူတစ်ယောက်တော့ရှိတတ်ကြပါတယ်။အခုလက်ရှိအချိန်မှာလည်း မပိုင်ဆိုင်နိုင်ပဲအမြဲတမ်းသတိရနေတဲ့ပုံစံပါ။

၉။အနုပညာရှင်တွေအပေါ်တစ်ဖက်သတ်အချစ်

၉။အနုပညာရှင်တွေအပေါ်တစ်ဖက်သတ်အချစ်

အနုပညာရှင်တွေအပေါ်ရူးသွပ်တယ်ဆိုတာအံ့သြစရာတော့မရှိပါဘူး။ရုပ်ရှင်တစ်ကားကြည့်မိတာပဲဖြစ်ဖြစ်၊ဖေ့ဘွတ်ခ်၊တွစ်တာ၊အင်စတာဂရမ်စတဲ့မီဒီယာတွေကနေအနုပညာရှင်တွေကိုအမြဲတမ်းတွေ့နေရတဲ့အတွက် ဒီလိုတစ်ဖက်သတ်အချစ်တွေဖြစ်ပေါ်လာတာပါ။ဒီနေ့ခေတ်ကြီးထဲမှာကေပေါ့ပ်အနုပညာရှင်တွေကို မမြင်တွေ့ရပဲသဘောကျနှစ်သက်ကြတဲ့မိန်းကလေးတွေအများကြီးရှိပါတယ်။

၁၀။နောက်ဆုံးပုံစံတစ်မျိုးကတော့နေ့တိုင်းတွေ့မြင်နေတဲ့သူတစ်ယောက်အပေါ်တစ်ဖက်သတ်ချစ်သွားတဲ့ပုံစံမျိုးပါ။သင်သွားမယ့်နေရာ၊သင်ရှိတဲ့နေရာတွေမှာအမြဲလိုလိုတွေ့ရတတ်တဲ့သူတစ်ယောက်ဟာ မကြာခင်မှာသင့်စိတ်ကူးထဲကိုရောက်လာတတ်ပါတယ်။သူကသတိမထားမိပေမဲ့ သင်ကတော့ နေ့တိုင်းမြင်တွေ့နေရတဲ့အတွက်သတိထားမိပြီးတဖြည်းဖြည်းတစ်ဖက်သတ်ချစ်သွားတဲ့ပုံစံပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations